7 September 2016

အသားမျှစ်ချဉ်ခြောက်ကြော်

Stir Fried Dry Pickled Bamboo shoot with Beef
အသားမျှစ်ချဉ်ခြောက်ကြော်လေးဖြစ်ပါတယ်။
ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
အမဲသား - လက်တစ်ဆုပ် ၁၅၀ ဂရမ် (ပုဇွန်၊ငါး၊ကြက်သား)
ကြက်သွန်နီ - အနေတော် ၂လုံး
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ကော်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်ခြမ်း
ကြက်သွန်မိတ် - ၂ပင်
ငရုပ်သီးစိမ်းနီ - ၃ တောင့်
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထ ည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောအသားဖြ
ဖင့်ပင်ချဉ်စပ်၊ပဲငပိ၊ကုန်းဘောင်၊မုန်ညင်းချဉ်စ
သဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ခရမ်းချဉ်သီး သုံးမြောင်းခပ်ထူထူစိတ်ထားပါ။ငရုပ်သီးထပ်ခြမ်ြး ခမ်းထားပါ။ကြက်သွန်မိတ်တစ်လက္မအရှည်ဖြ တ်ထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြ င့်အရောင်ပြောင်းရုံကြော်ပါ။မျှစ်ချဉ်ခြောက်ရေေ ဆးပြီးထည့်ပါ။အသားထည့်ကြော်ပါ။
5.အသားအရောင်ပြောင်းပါကကြက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းဆီထ ည့်ပါ။
6.အသားကျက်ပါကအရသာအပေါ့အငံမြည်းပါ။ငရုပ်သီးခြမ်း၊ခရမ်းချဉ်သီး၊ကြက်သွန်မိတ်ထည့် ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။❀မီးပြင်းဖြင့်ကြော်ပြီးအရည်စပ်စပ်ဖြင့်ချပါ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...