7 September 2016

နာနတ်သီးအချဉ်ရည်


Pineapple Vinegar
နာနတ်သီးနဲ့ပြုလုပ်ထားတဲ့အချဉ်ရည်တည်နည်းလေးပါ။ဒီနည်းလေးကတော့ဆိုဖီယာတို့ဘိုးဘွားလက်ထက်ကတည်းကသုံးလာတဲ့နည်းလေးဘဲဖြစ်ပါတယ်။နာနတ်သီးအစားချဉ်စော်ခါးသီး၊ပန်းသီးတို့ကိုအ စားထိုးသုံးနိုင်ပြီးတအိုးတည်ထားရုံဖြင့်တနှစ်ပတ်လုံးအချဉ်အတွက်ဝယ်ယူရန်မလိုဘဲသုံးနိုင်မှာဖြစ်ပါတယ်။ဒီအချဉ်ရည်ဖြင့်အသုပ်မျိုးစုံသုပ်နိုင်သလိုအချဉ်ချက်ဟင်းတွေမှာလည်းသုံးနိုင်ပါတယ်။ရှမ်းအစားအစာများဖြစ်တဲ့တိုဖူးသုပ်ခေါက်ရှောက်ဆန်တိုဖူးတို့ပြုလုပ်ရာမျာလည်းသုံးနိုင်ပြီးသဘာဝအချဉ်ရည်ရဲ့မွေးရနံ့ကိုလည်းရရှိစေမှာဖြစ်ပါတယ်။အချဉ်ရည်တည်ရန်အချိန်၂လမှ၃လကြာမြင့်မှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
နာနတ်သီး - တစ်လုံး
(ဖူဂျီပန်းသီးဆယ်လုံး/ချဉ်စော်ခါးသီး၅လုံး)
ရေကျက်အေး - ၃လီတာ
ကြံသကာ/သကြားညို - ၁၅၀ဂရမ်
လေလုံသောပုလင်း - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
1.နာနတ်သီးကိုရေဆေးသန့်စင်ပြီးရေခြော က်အောင်ထားပါ။အခွံသင်ကာအမြောင်းကြီးကြီးစိတ်ထားပါ။
2.ဆီကင်းသောအိုးဖြင့်ရေ၃လီတာကိုဆူပွက်အောင်တည်ပြီးအအေးခံထားပါ။
3.အားလုံးအသင့်ဖြစ်ပါကသန့်ရှင်းခြောက်သွေ့သောပုလင်းတွင်နာနတ်သီးရေကျက်အေးနှင့်ကြံသကာကိုထည့်ပြီးမွေပေးကာအဖုံးအထပ်ထပ်လုံအောင်ပိတ်ပြီးအလင်းရောင်နည်းသောနေရာတွင်ထားပါ။
4.သုံးလခန့်အကြာတွင်စတင်သုံးနိုင်ပြီမို့အပေါ်ယံတက်နေသောအဖြူရောင်အလွှာတထပ်ကိုခပ်ထုတ်ပြီးအဝတ်ပါးဖြင့်စစ်ယူကာသုံးနိုင်ပါပြီ။
❀ခပ်ယူသောခွက်ဇွန်းမှာခြောက်သွေ့ဆီကင်ရပါမယ်။မကြာခဏဖွင့်ရန်မလိုအောင်ပုလင်းသေးဖြင့် ခပ်ယူခွဲထားပါ။
❀လျော့သွားသောအချဉ်ရေကိုရေကျက်အေးတည်ပြီးအအေးခံထပ်မံဖြည့်စွက်သွားနိုင်ပါတယ်။
နှစ်ကြာလာလျှင်အချဉ်ပြင်းပါကရေရောသုံးနိုင်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...