20 June 2017

နို့ပေါင်မုန့်

Homemade Bread
ဆိုဖီယာရဲ့ကျွမ်းကျင်တဲ့လိုင်းမဟုတ်ပေမဲ့အိမ်မှာမိသားစုအတွက်လုပ်စားဖြစ်သမျှလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(၈လုံး)
********
ဂျုံ - ၄၂၀ ဂရမ်
နို့မှုန့် - ၃၀ဂရမ်
ရေနွေး -၂၅၀ ml
ကြက်ဥ - တစ်လုံး
ဆီ - ၈၀ ml
Yeast - 10 gm
သကြား - ၂ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ဥ - တလုံး (အပေါ်လူးရန်)
ထောပတ် - မျက်နှာပြင်လူးရန်
ပေါင်မုန့်ပြုလုပ်ပုံ
************
1.ခွက်တခုတွင်ရေကြက်သီးနွေးထည့်ပြီးဆားသကြားနှင့်yeastတို့ကိုထည့်ကာသမအောင်မွေထားပါ။သမသွားပါကဆီနှင့်ကြက်ဥကိုဖောက်ထည့်ပြီး
မွေထားပါ။
2.အသင့်ဖြစ်ပါကဇလုံကြီးကြီးတခုတွင်ဂျုံနှင့်နို့မှုန့်
ထည့်ပြီးဖျော်စပ်ထားသောအရောကိုထည့်မွေကာသမအောင်နယ်ပေးပါ။
3.အားလုံးသမသွားပါကလက်ကိုဂျုံမှုန့်အနည်းငယ်လူးပြီးနယ်ထားသောဂျုံဇလုံအတွင်းဘက်များကိုသန့်ရှင်းအောင်ပြုလုပ်ပြီးအလုံးအနေအထားပြုလုပ်ကာအဝတ်စိုတခုဖြင့်ဂျုံကိုဖုံးအုပ်ထားပါ။
4.နယ်ထားသောဂျုံကိုနှစ်ဆခန့်အထိပွလာအောင်အပွခံထားပါ။
5.နယ်ထားသောဂျုံနှစ်ဆခန့်ပွလာပါကစားပွဲတွင်ဂျူံဖြူးပြီးနယ်ပေးကာလိုချင်သောပုံစံလုံးပြီးဆီလူးထားသောဘမ်းတွင်ထည့်ပါ။
မျက်နှာပြင်ပေါ်တွင်အလှဆင်လိုပါကနှစ်သက်သလိုပြင်ဆင်ကာပြန်လည်၍အပွခံထားပါ။
6.အကင်စက်သို့မဟုတ်Ovenကို၁၇၀ဒီဂရီအပူပေးထားပါ။အပွခံထားသောပေါင်မုန့်အပေါ်သို့နှစ်ဆ ခန့်ပွတက်လာပါကအပေါ်မျက်နှာပြင်ကိုကြက်ဥသုတ်ပေးကာovenတွင်ထည့်ပြီးမိနစ်၃၀ခန့်ဖုတ်ပေးပါ။
7.ovenအမျိုးအစားအပူချိန်ပေါ်မူတည်ပြီးအချိန်အတိုးအလျော့ပြုလုပ်ပါ။ပေါင်မုန့်မျက်နှာပြင်နီရောင်သမ်းပြီးအောက်ခြေဖက်ကျက်ပါကovenမှထုတ်ယူကာထောပတ်အနည်းငယ်လူးပေးပြီးပေါင်မုန့်ကိုနှစ်သက်ရာနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
❀အတွင်းဘက်တွင်နှစ်သက်ရာအချိုသို့မဟုတ်ပူတင်းထည့်ပြီးပြုလုပ်နိုင်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...