19 June 2017

မလိုင်လုံး

Gulab Jamun
အိန္ဒိယအချိုပွဲဖြစ်တဲ့မလိုင်လုံးဆိုရင်လူကြီးလူငယ်ခလေးအကုန်သူနှစ်သက်ကြမယ်ထင်ပါတယ်။အချို့ဒေသများမှာအလွယ်တကူဝယ်ယူနိုင်ပေမဲ့အချို့ဒေသများမှာတော့မလွယ်ကူလှပါ။ဒါကြောင့်မိမိနေအိမ်မှာသုံးဆောင်နိုင်ရန်နဲ့အလှူမင်္ဂလာဧည့်ခံပွဲများမှာအချိုပွဲအဖြစ်တည်းခင်းနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။Gulab Jamum မလိုင်လုံးလုပ်နည်းပေါင်းများစွာထဲကနေအလွယ်ကူဆုံးလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(အလုံး ၃၅လုံး)
********
နွားနို့ခဲ - ၄၀၀ ဂရမ်
ဂျုံ - ၆၀ ဂရမ်
နို့မှုန့် - ၃၀ ဂရမ်
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
ကြော်ရန်ဆီ
သကြားရည်
*********
သကြား - ၆၀၀ ဂရမ်
ရေ - ၆၀၀ ml
ဖာလာစေ့ - ၃စေ့
သံပုရာသီး - တစ်စိတ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.လွယ်ကူတဲ့နည်းအဖြစ်နွားနို့ခဲကိုအသုံးပြုထားခြင်းဖြစ်ပါတယ်။ဇလုံတခုတွင်နွားနို့ခဲကိုလက်ဖြင့်ြေ ကအောင်ခြေထားပါ။
2.ဂျုံမှုန့်နို့မှုန့်နှင့်ဆော်ဒါထည့်ပြီးသမအောင်နယ်ပါ။
3.အားလုံးသမအောင်နယ်ပြီးပါကအသားကြိတ်စက်ဖြင့်မွနေအောင်ကြိတ်ပေးပါ။(ကြိတ်စက်အဆင်မပြေပါကလက်ဖြင့်ကြေညက်နေအောင်ခြေပေးဖို့လိုပါတယ်)
4.ကြိတ်ပြီးပါကအနေတော်အလုံးလေးများကိုချောမွေ့နေအောင်ဖွဖွလုံးပေးပါ။
5.လုံးနေစဉ်တဖက်မှသကြားရည်ကျိုထားပေးပါ။သကြားရည်ကျိုမည့်အိုးတွင်သကြားဖာလာစေ့ရေနှင့်သံပုရာသီးညစ်ပြီးဆူပွက်အောင်ကျိုပါ။
6.သကြားပျော်သွားပါကမီးလျော့ပြီးဆယ်မိနစ်ခန့်တည်ထားပါ။သကြားရည်ကိုလက်ဖြင့်ကိုင်ပြီးစမ်းကြည့်ပါကစေးပျစ်သည့်အနေအထားရပါကမီးပိတ်ထားပါ။
7.ပြီးလျှင်ဆီအိုးတည်ပြီးလုံးထားသောမလိုင်လုံးလေးများကိုထည့်ပြီးနီညိုရောင်သမ်းသည်ထိကြော်ပေးပါ။အရောင်ညီစေရန်အဆက်မပျက်မွေပေးပါ။
8.နီညိုရောင်သမ်းပါကဆယ်ယူဆီစစ်ကာအသင့်ကျိုပြီးသားသကြားရည်ပူပူထဲသို့စိမ်ပေးပါ။
9.လက်ကျန်မလိုင်လုံးများကိုလည်းအထက်ပါအတိုင်းကြော်ပြီးသကြားရည်တွင်စိမ်ပါ။
10.အားလုံးကြော်ပြီးစိမ်ပြီးပါကသကြားရည်အိုးကိုပြန်လည်အပူပေးပါ။(ဆူပွက်ရန်မလို)ပူလာပါကမီးပိတ်အဖုံးအုပ်ကာမလိုင်လုံးများသကြားရည်စုပ်သွားအောင်နှစ်နာရီခန့်စိမ်ထားပြီးနှစ်ဆခန့်ပွလာပါကအအေးခံကာနူးအိချိုစိမ့်နေသောမလိုင်လုံးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀Mawaခဲအစားနွားနို့ခဲကိုအသုံးပြုပြီးပြုလုပ်ထားပါသဖြင့်နွားနို့ခဲမရှိပါကMawaခဲဖြင့်ပြုလုပ်ပါ။
❀Mawaခဲကိုအိမ်တွင်ပြုလုပ်လိုပါကနွားနို့ကိုအိုးတွင်ထည့်ပြီးမီးအေးအေးဖြင့်ခမ်းခြောက်သည်ထိအဆက်မပျက်မွေပြီးအအေးခံပြီးပြုလုပ်နိုင်ပါတယ်။ကြာချိန်တနာရီခွဲခန့်ဖြစ်ပါတယ်။
❀နို့ခဲပြုလုပ်နည်းမှာသီးသန့်ပို့စ်တင်ထားပြီးဖြစ်ပါတယ်။
❀နို့ခဲမှရေပါဝင်မှုပေါ်မူတည်ပြီးအရမ်းခြောက်ပြီးလုံးမရမှသာလျှင်နို့အနည်းငယ်ထည့်နယ်ပေးပါ။ပုံမှန်အနေအထားမှာဘာမှထပ်ထည့်ရန်မလိုပါ။
❀ကြိတ်ပြီးသားမလိုင်ကိုလုံးရာတွင်အက်ရာမပေါ်အောင်ချောမွေ့နေအောင်လုံးဖို့လိုအပ်ပါတယ်။အပ်ရာထင်ပါကကြော်နေစဉ်ကွဲသွားတတ်ပါတယ်။
❀လုံးသောအခါဖွဖွလုံးပါဖိလုံးပါကကျစ်ခဲပြီးအချိုရည်ဝင်ရန်ကြာမြင့်တတ်ပါတယ်။
❀ကြိတ်စက်မသုံးဘဲပြုလုပ်ပါကကြေအောင်ခြေပေးပါ။အရမ်းမနယ်ရ။မာကျစ်နေတတ်ပါတယ်။
❀ကြော်နေစဉ်တဖက်မှသကြားရည်အသင့်ဖြစ်ပါစေ။ပူနွေးနေပါစေ။အေးနေသောသကြားရည်တွ င်ထည့်မိပါကမလိုင်လုံးမှသကြားရည်မစုပ်နိုင်ပါ။
❀ကြော်ပြီးသားမလိုင်လုံးကိုလည်းဆယ်ယူဆီစစ်ပြီးချက်ချင်းသကြားရည်စိမ်ပါ။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...