Puff Pastry Dough ကိုတော့စူပါမားကတ်တွေ မှာအလွယ်တကူဝယ်ယူရရှိနိုင်သော်လည်းအချို့ဒေသများမှာတော့ဝယ်လို့မရနိုင်ပါ။ဆိုဖီယာရဲ့ကျွမ်းကျင်တဲ့အပိုင်းမဟုတ်သော်လည်းဘဲလွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကသာစမ်းလုပ်ခဲ့ဖူးတာမို့ဒီတခါတော့ဒူတိယအကြိမ်လုပ်ဖြစ်တဲ့Puff Pastry Dough လေးဖြစ်ပါတယ်။ဒီPuff Dough
ကိုတခါမှမလုပ်ဖူးဘဲပထမအကြိမ်စမ်းသပ်ပြုလုပ်လိုပါကအချိုးတဝက်ခန့်သာပြုလုပ်သင့်ကြောင်းအကြံပေးပါရစေ။ခက်ခဲလှသည်မဟုတ်သော်လိမ့်တုံးကိုင်တွယ်မှုကျွမ်းကျင်မှာပေါ်မူတည်ပြီးအဆင်မပြေမှုအနည်းငယ်ကြုံနိုင်ပါတယ်။
ဆိုဖီယာလုပ်ထားတဲ့အချိုးလေးနဲ့ပြုလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၆ခု)
*********
ဂျုံ - ၂၅၀ ဂရမ် (All purpose Flour )
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ရေခဲရေ - ၁၅၀ ml
ထောပတ်(unsalted Butter) - ၂၂၀ ဂရမ်
ဂျုံ - ၂ဇွန်း (စားပွဲဇွန်း)
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဦးစွာဇလုံတခုတွင်ဂျုံဆားထည့်ပြီးရေခဲရေဖြင့်သမအောင်မွေပြီး၅မိနစ်ခန့်နယ်ကာပလပ်စတစ်ဖြင့်ထုပ်ပြီးရေခဲသေတ္တာတွင်ဆယ်မိနစ်ခန့်နှပ်ထားပါ။
2.ထောပတ်ကိုတလက်မအရွယ်အတုံးလေးများတုံးကာဂျုံနှစ်ဇွန်းဖြင့်သမအောင်မွေပေးပါ။
3.ဆီစိမ်စက္ကူတချပ်ခင်းကာနယ်ထားသောထောပတ်ကိုထည့်ပြီးလေးထောင့်ကျကျခေါက်ကလိမ့်တုံးဖြင့်လိမ့်ပြီးညီအောင်ဖြန့်ပေးကာရေခဲသေတ္တာတွင်ဆယ်မိနစ်ခန့်အနည်းငယ်မာအောင်ထည့်ထားပါ။
4.နှပ်ထားသောဂျုံရပါကရေခဲသေတ္တာမှထုတ်ကာစားပွဲတွင်ဂျုံအနည်းငယ်ဖြူးပြီးဖြန့်ပေးပါ။
5.ပြီးလျှင်ရေခဲသေတ္တာထဲမှထောပတ်ခဲထားသည်ကိုထုတ်ယူပြီးဖြန့်ထားသောဂျုံအလယ်တွင်ထည့်ကာလေးဘက်စလုံးမှဂျုံကိုခေါက်ပြီးလုံအောင်ပိတ်ပါ။
6.ပြီးလျှင်ထောပတ်ထည့်ပိတ်ထားသောဂျုံကိုစားပွဲတွင်မှောက်ထားပြီးအပေါ်အောက်ဂျုံအနည်းငယ်ဖြူးပေးကာလိမ့်တုံးဖြင့်သာသာလိမ့်ပေးပါ။
7.လေးထောင့်ကျကျခပ်ရှည်ရှည်လိမ့်ပြီးသုံးပုံတပုံကိုခေါက်ပြီးကျန်တပုံကိုပြန်အုပ်ကာသုံးခေါက်ချိုးပုံစံခေါက်ပေးပါ၊
8.ပြီးလျှင်ပလပ်စတစ်အုပ်ပြီးရေခဲသေတ္တာတွင်၁၅မိနစ်ခန့်ပြန်ထည့်ထားပါ။
9.အထက်ပါနည်းအတိုင်းရေခဲသေတ္တာမှထုတ်ကာဖြန့်ပြီးသုံးခေါက်ချိုးပြန်ခေါက်ပြီးရေခဲသေတ္တာထဲပြန်ထည့်သည့်အတိုင်းစုစုပေါင်း၆ကြိမ်ခန့်ပြုလုပ်ပါ။
10.တကြိမ်ခေါက်ပြီးတိုင်းတကြိမ်ရေခဲသေတ္တာတွင်ထားပါ။ဖြန့်နေစဉ်ထောပတ်များပေါက်ထွက်ပါက
ဂျုံဖြူးပြီးပြန်ပိတ်ပေးပါ။
11.ပြီးလျှင်puff pastry dough ကို0.5cmအထူအ
နေအထားဖြန့်ကာ၎လက်မပတ်လည်တချပ်စီဖြတ်ပြီးဆီစိမ်စက္ကူခံပြီးပလပ်စတစ်ဖြင့်ထုပ်ကာအခဲခန်းတွင်သိမ်းဆည်းထားနိုင်ပါပြီ။
12.ပတ်ဖ်ပြုလုပ်လိုသောအချိန်မှသာထုတ်ယူပြီးစားပွဲတွင်ဂျုံအနည်းငယ်ဖြူးကာဖြန့်ပေးပြီးလိုသလိုလှီးဖြတ်ကာနှစ်သက်ရာအစာထည့်ပြီးပိတ်ပေးပါ။
ဆိတ်သားပတ်ဖ်ပြုလုပ်ပုံ
*****************
ပါဝင်ပစ္စည်း
*********
Puff Pastry -၅ချပ်
ဆိတ်သား - တစ်ပန်းကန်
ကြက်ဥ - တစ်လုံး
နှမ်း - အနည်းငယ် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ovenသို့မဟုတ်အကင်စက်ကို၂၀၀°Cအပူပေးထားပါ။
2.အစာသွတ်ရန်အတွက်ဆိတ်သားသို့မဟုတ်အုန်းသီးသကြားနှစ်သက်ရာယိုတို့ကိုပြင်ဆင်ထားပါ။
3.ကြက်ဥတလုံးခေါက်ထားပါ။မုန့်ဖုတ်မည့်ဘမ်းကိုဆီလူးထားပါ။
4.အားလုံးအသင့်ဖြစ်ပါကPuff Pastry Sheet ကိုရေခဲသေတ္တာမှထုတ်ယူပြီးဂျုံမှုန့်အနည်းငယ်ဖြူးကာဖြန့်ပေးပါ။
5.နှစ်သက်ရာအရွယ်သို့မဟုတ်လေးပိုင်းဖြတ်ပြီးအစာထည့်ပါ။
6.ဘေးဖက်အနားသားများကိုကြက်ဥသုတ်ပြီးတြိဂံသို့မဟုတ်နှစ်သက်ရာပုံခေါက်ပြီးအနားသားများကိုခက်ရင်းဖြင့်ဖိကပ်ပေးပြီးဘမ်းတွင်ထည့်ပါ။
7.မုန့်မျက်နှာပြင်ကိုကြက်ဥရည်သုတ်လိမ်းပြီးအပေါ်တွင်နှမ်းဖြူးပေးကာovenတွင်ဆယ်မိနစ်မှဆယ့်ငါးမိနစ်ထိကင်ပေးပါ။
8.မုန့်သားများပွပြီးနီရောင်သမ်းကာကြွပ်ရွလာပါကအပြင်ထုတ်အအေးခံကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ပိုမိုကြွပ်ရွသောပတ်ဖ်ကိုလိုချင်ပါကနီရောင်သမ်းပြီးပွလာပါကovenအပူချိန်ကိုလျော့ချပြီးဆယ်မိနစ်ခန့်ထပ်ထားပေးပါ။
❀ပတ်ဖ်စဖုတ်သောအချိန်တွင်ovenအပူချိန်၂၀၀နှင့်အထက်ရှိနေရန်သတိပြုပါ။အပူချိန်နည်းနေစဉ်ကင်မိပါကအတွင်းမှထောပတ်များပျော်ပြီးစိမ့်ထွက်လာကာမုန့်သားမှာမာကျစ်ကျစ်ဖြစ်နေတတ်ပါတယ်။
..........
Sofia (3.01.2017)
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment