15 June 2017

ငါးဖယ်လုံး

 ငါးဖယ်လုံးလေးများကိုပြုလုပ်ထားပြီးကြေးအိုးကြေးအိုးဆီချက်ငါးဖယ်သုပ်စသည်တို့ကိုအလွယ်တကူအဆင်သင့်ချက်စားလုပ်စားနိုင်ပါတယ်။ပြုလုပ်ပြီးငါးဖယ်လုံးလေးများကိုရေခဲသေတ္တာတွင်လေလုံသောဘူးဖြင့်ထည့်ကာရက်ကြာရှည်သိမ်းဆည်းထားနိုင်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငါးဖယ်ခြစ် - ၄၀၀ ဂရမ် (၂၅ကျပ်သား)
ဂျုံမှုန့် - ၃ ဇွန်း စားပွဲဇွန်း
ကော်မှုန့် - ၃ဇွန်း
ငရုတ်ကောင်း - တစ်ဇွန်း
ဆား - အနည်းငယ်
ဟင်းခပ်မှုန့်-ဇွန်းတဝက်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ငါးဖယ်ခြစ်ထဲသတ်ု့ပါဝင်ပစ္စည်းများထည့်ပြီးကြိတ်စက်ဖြင့်ကြေညက်နေအာင်ကြိတ်ပေးပါ။
2.ရေနွေးအိုးတည်ထားပြီးဆူပွက်ပါကမုန့်ညစ်အိတ်တွင်ထည့်ပြီးမိမိပြုလုပ်လိုသောအရွယ်အပေါက်ပေါက်ပြီးရေဆူအိုးထဲတလုံးဆီသို့ညစ်ချပါ။
3.ငါးဖယ်လုံးလေးများကျက်ပြီးအပေါ်ပေါလောပေါ်လာပါကဆယ်ယူအအေးခံကာလေလုံသောဘူးဖြင့်ထည့်ကာအခဲခန်းတွင်သိမ်းဆည်းကာလိုသလိုကြော်စားသုပ်စားချက်စားနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...