20 June 2017

ရေကျိုငါးပိပြုလုပ်နည်း

Home made Myanmar Traditional Fish Pickle
မြန်မာတိုင်းနှစ်သက်တဲ့ရေကျိုငါးပိကြို
ပုလုပ်ပုံပြုလုပ်နည်းအမျိုးမျိုးရှိမယ်ထင်ပါတယ်။အမှန်တကယ်တော့ဆိုဖီယာလည်းငါးပိငါးခြောက်တွေနဲ့တကယ်ဘဲသိပ်မနီးစပ်ခဲ့ပါဘူး။စားတော့စားတတ်တယ် ☺ အခုပြုလုပ်ထားတာကတော့ရှေးလူကြီးသူမများပြောပြဖူးတဲ့နည်းလေးနဲ့အညာရောက်ခိုက်သန့်ရှင်းလတ်ဆတ်တဲ့ရေချိုငါးလေးတွေနဲ့စမ်းပြီးပြုလုပ်ထားတဲ့ငါးပိလေးဖြစ်ပါတယ်။
ဓာတုဆေးကင်းပြီးသန့်ရှင်းလတ်ဆတ်စွာအိမ်မှာလုပ်စားနိုင်ဖို့ဆိုဖီယာရဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဂျပန်ငါး (ဒေသခေါ်)/ငါးခူ - ၂၅ ကျပ်သား
ဆား(ဆားကြမ်း) - တစ်ဇွန်းခွဲ စားပွဲဇွန်း
ထမင်းဖြူ /ဆန်မှုန့်ကျိုပြီးသား - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဒေသခေါ်ဂျပန်ငါးတီလားဘီးယားကိုရေဆေးသန့်စင်ဗိုက်ဖောက်သန့်ရှင်းကာရေစစ်ထားပါ။
2.ဇလုံတခုတွင်သန့်စင်ပြီးသားငါးကိုထည့်ပြီးဆားတဇွန်းထည့်ကာသမအောင်မွေပြီးတညသိပ်ထားပါ။အထက်အောက်လှန်ပေးပါ။
3.နောက်ရက်တွင်ဆားနယ်ထားသောငါးဆားနယ်များကိုဇကာတခုဖြင့်ထည့်ပြီးတနေလှန်းပါ။
4.တနေလှန်းပြီးဖန့်သွားသေားငါးကိုအနည်းငယ်ထုပေးပြီးဇလုံတခုတွင်ထည့်ပါ။ထမင်းသို့မဟုတ်ဆန်မှုန့်ကျိုထားသည်နှင့် ဆားဇွန်းတဝက်ထည့်ပြီးသမအောင်မွေပေးပါ။
5.ပြီးလျှင်သန့်ရှင့်ခြောက်သွေ့သောပုလင်းတွင်ဖိသိပ်ထည့်ပေးပါ။
6.အပေါ်မှပလပ်စတစ်တထပ်အုပ်ပြီးအဖုံးကိုလေလုံအောင်ပိတ်ကာနေပူတွင်၁၀ရက်တပတ်လှန်းပေးပါကမွေးကြိုင်တဲ့ငါးပိကိုစတင်ရရှိမှာဖြစ်ပါတယ်။
7.ငါးအသားလေးများအိသွားပါကသိမ်းဆည်းပြီးနှစ်သက်သလိုကျိုချက်သုံးဆောင်နိုင်ပါပြီ။
❀မိမိနှစ်သက်ရာငါးကိုအစားထိုးအသုံးပြုနိုင်ပါတယ်။
...........
Sofia (13.10.2016)
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...