20 June 2017

သက်သတ်လွတ်ပဲလိပ်ပြာခေါက်ဆွဲ

သက်သတ်လွတ်ပဲလိပ်ပြာခေါက်ဆွဲလေးဟာချက်ပြုတ်ရလွယ်ကူပြီးအရသာလည်းရှိတာမို့သက်သတ်လွတ်သုံးဆောင်သူများအတွက်အဆင်ပြေအာဟာရဖြစ်စေတဲ့ခေါက်ဆွဲဖြစ်ပါတယ်။ချက်နည်းလေးမျှဝေပေးပြီးတောင်ကြီးထွက်စားစရာများပါပို့ပေးလာတဲ့ညီမယွန်းဖူးကိုလည်းကျေးဇူးအထူးပါ။ချက်ပြုတ်ရလွယ်ကူပြီးအရသာထူးတဲ့ပဲလိပ်ပြာခေါက်ဆွဲချက်နည်းလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း(၅ပွဲစာ)
*********
ပဲလိပ်ပြာ- နှစ်ဘူး (နို့ဆီဘူး)
ခရမ်းချဉ်သီး - နှစ်လုံး
ကြက်သွန်နီ - တစ်လုံး
ဂျင်းထောင်း - တစ်ဇွန်း
ပဲပြားတိုဖူး - တစ်တုံး
ပဲပြားခြောက်/ပဲမလိုင် - တစ်ချပ်
မှို - ၅ပွင့် (ရှီတာခီ )
ရေ - ၅ပန်းကန်စာ
တွဲဖက်စားရန်
ဆန်ခေါက်ဆွဲ
မုန်ညင်းချဉ်
ကြက်သွန်မိတ်နံနံပင်
ငရုတ်သီးကြော်
ကြက်သွန်ဖြူ ဆီချက် (optional)
ပြင်ဆင်ပြုလုပ်ပုံ
************
1.ပဲလိပ်ပြာကိုအခွံသင်ပြီးရေဆေးရေစစ်ထားပါ။
2.ဟင်းရည်ချက်မည့်အိုးတွင်ပဲလိပ်ပြာကြက်သွန်နီခရမ်းချဉ်သီးဂျင်းထောင်းတို့ကိုထည့်ပြီးပဲအိသည်ထိတည်ထားပါ။
3.မှိုခြောက်ကိုရေစိမ်ရေညစ်ပြီးပါးပါးလှီးထည့်ပါ။
4.ပဲပြားတိုဖူးကိုအနေတော်လှီးပြီးဆီပူတွင်အရောင်ရသည်ထိကြော်ထားပါ။
5.ပဲနူးအိပါကအရသာဖြည့်စွက်ကာလိုအပ်သလိုအပျစ်အကြဲပြုပြင်ကာပဲပြားကြော်ထားသည်နှင့်ပဲပြားခြောက်တို့ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။
6.ဆူပွက်ပါကအရသာအပေါ့အငံမြည်းကာခေါက်ဆွဲပွဲပြင်ရန်ပြင်ဆင်ပါ။
7.ရေစိမ်ထားသောခေါက်ဆွဲကိုရေဆူအိုးတွင်ဖျောပြီးပန်းကန်တွင်ထည့်ပါ။
8.အပေါ်မှပဲလိပ်ပြာဟင်းရည်ချက်ထားသည်ကိုသမအောင်မွေပြီးထည့်ပါ။ကြက်သွန်မိတ်နံနံပင်ဖြူးကာမုန်ညင်းချဉ်နှင့်တွဲဖက်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...