19 June 2017

ရွှေခေါင်းအုံး

Golden Pillow
面包鸡
ရွှေခေါင်းအုံးခေါ်面包鸡ဆိုတာကြက်သားဟင်း ကိုပေါင်မုန့်ထဲထည့်ပြီးဖုတ်ထားခြင်းသာဖြစ်ပါတယ်။ကြက်သားအာလူးဟင်းအစားမိမိနှစ်သက်ရာအသားဟင်းငါးဟင်းပင်လယ်စာများကိုအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။ပေါင်မုန့်ကြီးကြီးတလုံးကို ကာရီဟင်းနဲ့အတူတွဲဖက်လို့မိသားစုပျော်ပျော်ပါးပါးတစုတည်းသုံးဆောင်နိုင်ပါတယ်။စင်္ကာပူမလေးရှားမှာတော့နာမည်ကြီးလူကြိုက်များတဲ့ဟင်းပွဲတမျိုးဖြစ်ပါတယ်။ဒီဟင်းပွဲပြုလုပ်ရန်အတွက်ကာရီဟင်းနှင့်ပေါင်မုန့်ကိုသီးသန့်ပြင်ဆင်ရမှာဖြစ်ပါတယ်။
ပေါင်မုန့်ပြုလုပ်ရန်
*************
ဂျုံ - ၄၂၀ ဂရမ်
ရေနွေး -၂၅၀ ml
ကြက်ဥ - တစ်လုံး
ဆီ - ၈၀ ml
Yeast - 10 gm
သကြား - ၂ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း လ္ဘက်ဇွန်း
ကြက်ဥ - တလုံး (အပေါ်လူးရန်)
ထောပတ် - မျက်နှာပြင်လူးရန်
ပေါင်မုန့်ပြုလုပ်ပုံ
************
1.ခွက်တခုတွင်ရေကြက်သီးနွေးထည့်ပြီးဆားသကြားနှင့်yeastတို့ကိုထည့်ကာသမအောင်မွေထားပါ။သမသွားပါကဆီနှင့်ကြက်ဥကိုဖောက်ထည့်ပြီး
မွေထားပါ။
2.အသင့်ဖြစ်ပါကဇလုံကြီးကြီးတခုတွင်ဂျုံထည့်ပြီးဖျော်စပ်ထားသောအရောကိုထည့်မွေကာသမအောင်နယ်ပေးပါ။
3.အားလုံးသမသွားပါကလက်ကိုဂျုံမှုန့်အနည်းငယ်လူးပြီးနယ်ထားသောဂျုံဇလုံအတွင်းဘက်များကိုသန့်ရှင်းအောင်ပြုလုပ်ပြီးအလုံးအနေအထားပြုလုပ်ကာအဝတ်စိုတခုဖြင့်ဂျုံကိုဖုံးအုပ်ထားပါ။
4.နယ်ထားသောဂျုံကိုနှစ်ဆခန့်အထိပွလာအောင်အပွခံထားပါ။အပွခံထားစဉ်အချိန်တွင်အစာထည့် ရန်အတွက်နှစ်သက်ရာကာရီဟင်းကိုပြင်ဆင်ချက်ပြုတ်ထားပါ။
5.ချက်ထားသောကာရီဟင်းကိုဆီစိမ်စက္ကူဖြင့်သေချာစွာထုပ်ထားပါ။
6.နယ်ထားသောဂျုံနှစ်ဆခန့်ပွလာပါကစားပွဲတွင်ဂျူံဖြူးပြီးဇလုံထဲမှဂျုံကိုတင်ကာပြန်နယ်ပေးပါ။
7.ပြီးလျှင်လိုချင်သောအနေအထားအရွယ်ကိုဖြန့်ပေးပြီးအသင့်ပြင်ဆင်ထားသောကြက်သားဟင်းအထုပ်ကိုတင်ကာသေချာစွာထုပ်ပေးပါ။
8.လုံအောင်ထုပ်ပေးပြီးပါကဆီလူးထားသောမုန့်ဖုတ်ခွက်တွင်ထည့်ပါ။
9.မျက်နှာပြင်ပေါ်တွင်အလှဆင်လိုပါကနှစ်သပ်သလိုပြင်ဆင်ကာပြန်လည်၍အပွခံထားပါ။
10.Ovenကို၁၇၀ဒီဂရီအပူပေးထားပါ။အပွခံထားသောပေါင်မုန့်အပေါ်သို့နှစ်ဆခန့်ပွတက်လာပါကအပေါ်မျက်နှာပြင်ကိုကြက်ဥသုတ်ပေးကာovenတွင်ထည့်ပြီးမိနစ်၃၀မှ၄၅မိနစ်ထိဖုတ်ပေးပါ။
11.ovenအမျိုးအစားအပူချိန်ပေါ်မူတည်ပြီးအချိန်အတိုးအလျော့ပြုလုပ်ပါ။ပေါင်မုန့်မျက်နှာပြင်နီရောင်သမ်းပြီးအောက်ခြေဖက်ကျက်ပါကovenမှထုတ်ယူကာထောပတ်အနည်းငယ်လူးပေးပြီးပေါင်မုန့်ကိုခွဲကာအတွင်းမှဟင်းနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...