15 June 2017

ဂျပန်ဂျင်းနု

Japanese Ginger
ဂျပန်ဂျင်းနုခေါ်ဂျင်းချဉ်ကိုတော့များသောအားဖြင့်ဆူရှီဖြင့်တွဲဖက်စားလေ့ရှိကြပါတယ်။ပုံမှန်ထမင်းဝိုင်းမှာလည်းအချဉ်တခွက်အနေနဲ့ထမင်းမြိန်စေဖို့တွဲဖက်တည်ခင်းနိုင်ပါတယ်။ချိုချဉ်အရသာလေးမို့ဒီတိုင်းေ လးစားရတာလည်းနှစ်သက်မိပါတယ်။ပြုလုပ်ရလွယ်ကူပြီးကြာရှည်သိမ်းဆည်းထားနိုင်ပါတယ်။စားကောင်းလို့တာရှည်သိမ်းတဲ့အဆင့်ထိမရောက်ဘဲကုန်သွားတာကများပါတယ်..ညီမယွန်းဖူးပို့ပေးလာတဲ့ဂျင်းနုလေးနဲ့လုပ်စားဖြစ်တဲ့ဂျပန်ဂျင်းနုလေးဖြစ်ပါတယ်။
လုပ်စားကြည့်ရအောင်နော်...
ပါဝင်ပစ္စည်း
********
ဂျင်းနု - ၃၀၀ ဂရမ်
ဆန်ရှာလကာရည် - တခွက် (၂၅၀ml)
ရေ - ခွက်တဝက် (၁၂၅ ml)
သကြား - ၅၀ ဂရမ်
ဆားကြမ်း - တစ်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဂျင်းနုကိုရေဆေးသန့်စင်ပြီးအပေါ်အခွေံပါးလေးများကိုဇွန်းဖြင့်ခြစ်ပြီးရေဆေးထားပါ။
2.ရေဆေးရေစစ်ထားသောဂျင်းနုကိုပါးပါးလှီးဖြတ်ထားပြီးဆားဖြင့်နယ်ထားပါ။
3.ဆားနယ်ထားစဉ်အိုးသေးသေးတခုဖြင့်ရေသကြားနှင့်ရှာလကာရည်ထည့်ပြီးဆူပွက်အောင်တည်ပေးပါ။
4.ဆားနယ်ထားသောဂျင်းနုပျော့သွားပါကရေညစ်ပြီးပန်းကန်တခုတွင်ထည့်ပါ။
5.ကျိုထားသောအချဉ်ရည်ကိုလောင်းထည့်ပြီးသမအောင်မွေပေးပါ။
6.ဂျင်းနုမှာပန်းရောင်ဖျော့ဖျော့အရောင်ပြောင်းသွားပြီးသမသွားပါကအအေးခံကာလေလုံသောပုလင်းတွင်ထည့်ပြီးရေခဲသေတ္တာတွင်ထည့်ပြီး၃ရက်ခန့်တွင်တည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀ဆန်ရှာလကာရည်မရှိပါကပန်းသီးရှာလကာရိုးရိုးရှာလကာရည်ကိုအသုံးပြုနိုင်ပါတယ်။အနံ့အနည်းငယ်ကွားခြားမှာဖြ စ်ပါတယ်။
❀သံပုရာရည်ကိုအသုံးပြုနိုင်သော်လည်းတာရှည်မခံ၍ရက်အနည်းငယ်ထားသုံးဆောင်နိုင်ပါတယ်။
❀တာရှည်ထားသုံးဆောင်နိုင်ရန်အသုံးပြုသည့်ဇွန်းကိုသန့်ရှင်းခြောက်သွေ့ရန်အရေးကြီးပါတယ်။
❀ဂျင်းအထက်ကိုအချဉ်ရည်ဖုံးနေရန်လိုအပ်ပါတယ်
..........
Sofia
sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...