15 June 2017

ငါးခေါက်ဆွဲဆီချက်

Fish Noodle Salad
ငါးခေါက်ဆွဲလေးကငါးအသားနဲ့ခေါက်ဆွဲဖတ်ဖြစ်အောင်လုပ်ထားတာလေးပါ။လုပ်ရလွယ်ကူပြီးအိမ်သားတွေအတွက်မနက်စာလေးကိုဆန်းဆန်းပြားပြားလေးလုပ်ကျွေးရအောင်နော်။ငါးခေါက်ဆွဲမုန့်နှစ်လေးကိုကြိုတင်လုပ်ပြီးရေ ခဲသေတ္တာမှာထည့်ထားပြီးမနက်ကိုရေဆူတည်ပြီးညစ်ချပေးရုံနဲ့မနက်စာအတွက်၁၅မိနစ်အတွင်းလွယ်ကူမြန်ဆန်ပြီးအရသာရှိတဲ့ခေါက်ဆွဲပွဲလေးရမှာဖြစ်ပါတယ်။လုပ်ကြည့်ရအောင်နော်။
ခေါက်ဆွဲပြုလုပ်နည်း
***************
ငါးအသား - ၃၀၀ ဂရမ် (၂၀ကျပ်သား) ၃ပွဲစာ
ဂျုံမှုန့် - ၄၀ဂရမ် (၃ဇွန်းခန့်)
ကော်မှုန့် - ၄၀ဂရမ်
ရေ - ၁၀၀ ml အခါးပန်းကန်းတလုံးခန့်
ဆား - ၁/၄ လ္ဘက်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
နှမ်းဆီမွေး - တစ်ဇွန်း
ကြက်ဥအကာ - တဝက်
ငါးမုန့်ဖတ်ခေါက်ဆွဲပြုလုပ်ပုံ
********************
1.ငါးအသားကိုကြိတ်ပါ။မြန်မာပြည်မှာတော့ငါးဖယ်ခြစ်ရပါတယ်။(အရိုးနည်းတာရှာဝယ်ပါ)တချို့ငါးအသားများတွင်ဆားထည့်ထားတတ်သဖြင့်အရင်မြည်းကြည့်သင့်ပါတယ်။ဆားပါပြီးသားဖြစ်ပါကဆားထပ်ထည့်ရ န်မလိုပါ။
2.ဦးစွာဇလုံတခုတွင်ဂျုံမှုန့်နှင့်ကော်မှုန့်ကိုရေထည့်ပြီးဖျော်ပါ။
3.ပြီးလျှင်ငါးအသားထည့်ပါအရသာဖြည့်စွက်ပြီးနာနာနယ်ပေးပါ။
4.စေးပိုင်လာပါကကြက်ဥအကာထည့်ပြီးဆက်နှယ်ပေးပါ။
5.မုန့်သားညက်လာပါကပလပ်စတစ်အိတ်တခုတွင်ထည့်ပါ။အပေါ်မှသေချာချည်ထားပါ။ 6.ပြီးလျှင်ခေါက်ဆွဲပြုတ်ရန်ရေနွေးအိုးတည်ပါ။
7.ရေဆူပါကငါးမုန့်နှစ်ထည့်ထားသောအိတ်၏ထောင့်ချွန်းကိုကပ်ကြေးဖြင့်သေးသေးညပ်ပြီးရေနွေးဆူဆူထည်းသို့ညစ်ချပေးပါ။များလျှင်နှစ်ခါခွဲပြုတ်ပါ။
8.ရေပေါ်ပေါ်လာသောငါးခေါက်ဆွဲဖတ်လေးများကိုဆယ်ယူပြီးတည်ခင်းမည့်ပန်းကန်တွင်ထည့်ပါ။
9.အသင့်တည်ထားသောဟင်းရည်အိုးသို့မိမိနှစ်သက်ရာအသားပုဇွန်တို့ကိုထည့်သီးရွက်တို့ကိုဆူနေသောဟင်းရည်အိုးတွင်ထည့်ပြီးတည်ခင်းမည့်ငါးခေါက်ဆွဲပန်းကန်သို့ထည့်ပြီးသုံးဆောင်နိုင်ပါပြီ။
10.ဆီချက်ခေါက်ဆွဲပြုလုပ်ရန်အတွက်ငါးခေါက်ဆွဲဖတ်ကိုပန်းကန်တွင်ထည်ကြက်သွန်ဖြူဆီချက်၊နှမ်းဆီချက်နှင့်ပဲငံပြာရည်ကြက်သွန်မိတ်နံနံမိတ်တို့ကိုထည့်ပြီးသုပ်ပေးကာနှစ်သက်ရာအချဉ်နှင့်ဟင်းချိုတွဲဖက်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...