19 June 2017

အသားမျှစ်ချဉ်ကြော်

Stir Fried Pickled Bamboo shoot with Beef
ပန်းသေးရိုးရာအသားမျှစ်ချဉ်ကြော်ဟင်းလေးဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
အမဲသား - ၃၀၀ ဂရမ်(ဆိတ်သား၊ကြက်သား)
ကြက်သွန်နီ - အနေတော် ၂လုံး
မျှစ်ချဉ်(အမျှင်) -၂၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျူးမိတ် - တစ်စည်း
ငရုပ်သီးခြောက်- ၅တောင့်
တရုတ်မဆလာ - တစ်ဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊တရုတ်မဆ လာထည့်ပြီးနယ်ထားပါ။
(နယ်ပြီးရေခဲသေတ္တာတွင်တခါချက်အထုပ်လေးများထုပ်ပြီးသိမ်းထားပါကချက်ခါနည်းအဆင်သင့်မြန်ဆန်စွာချက်နိုင်ပါတယ်။နပ်ထားသောအသားဖြ
ဖင့်ပင်ချဉ်စပ်၊ပဲငပိ၊ကုန်းဘောင်၊မုန်ညင်းချဉ်စ
သဖြင့်ဟင်းပွဲများတွင်အသုံးပြုနိုင်ပါတယ်။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ဂျူးမိတ်လက်တစ်ဆစ်လှီးထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ငရုတ်သီးခြောက်ကြော်ပါ။ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပြီးမျှစ်ချဉ်ထည့်ကြော်ပါ။
5.မျှစ်အချဉ်အနည်းငယ်ခြောက်လာပါကအသားထည့်ကြော်ပါ။
6.ရေခမ်းအသားကျက်ပါကအရသာအပေါ့အငံမြည်းကာဂျူးမိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...