1 August 2017

သရက်သီးခေတ္တာဟင်း

ရှမ်းအစားအစာတမျိုးဖြစ်တဲ့သရက်သီးဟင်းရည်လေးဖြစ်ပါတယ်။သရက်သီးစိမ်းတလုံးရှိရုံနဲ့ဟင်း တခွက်အဖြစ်တည်ခင်းနိုင်မဲ့အချဉ်ဟင်းလေးဘဲဖြစ်ပါတယ်။ပဲပုတ်ထောင်းကြော်နဲ့လိုက်ဖက်တဲ့ထမင်း
မြိန်စေမဲ့အဆီကင်းဟင်းတခွက်လည်းဖြစ်ပါတယ်။
ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
သရက်သီးစိမ်း - တစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ကြက်သွန်နီ - တစ်လုံး
ကြက်သွန်ဖြူ  - ၃မြောင်း
မြေပဲလှော်ထောင်း - လက်တစ်ဆုပ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
1. သရက်သီးစိမ်းကိုအခွံသင်ပြီးပါးပါးလှီးထားပါ။
2.ကြက်သွန်နီခရမ်းချဉ်သီးပါးပါးစိတ်ထားပါ။
မြေပဲဆံလှော်ပြီးထောင်းထားပါ။ကြက်သွန်ဖြူကိုရို က်ပြားထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဟင်းရည်ချက်မည့်အိုးတွင်သရက်သီးကြက်သွန်နီကြက်သွန်ဖြူခရမ်းချဉ်သီးတို့ကိုထည့်ပါ။ရေတစ်ပန်းလုံးထည့်ပြီးဆူပွက်အော င်တည်ပါ။
4.ဆူပွက်ပါကဆားဟင်းခပ်မှုန့်နှင့်မြေပဲထောင်းထည့်ကာသရက်သီးအနည်းငယ်အိအောင်တည်ပေးပါ။
5.သရက်သီးနူးအိပါကအရသာအပေါ့အငံမြည်းပြီးနံနံပင်ခပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...