23 July 2015

ဂျပန်တိုဖူးဟင်း

Japanese Tofu with Mix vegetable

အမှန်တော့ဒီဟင်းလေးကိုဆိုင်တွေမှာHot Plateလေးနဲ့ေ၇ာင်း ပါတယ်။Hot Plate ပူပူပေါ်မှာကြက်ဥရ ည်ကိုလောင်းထည့်ပြီး အပေါ်ကဂျပန်တိုဖူးချက်ပြီးသားကိုလောင်းထည့်ပေးတာပါ။ချက်နည်းတူတူပါဘဲ။ဆိုင်မှာစားဖြစ်တဲ့အခါတိုင်းမှာစားဖြစ်တဲ့ဆိုဖီယာနှစ်သက်တဲ့ဟင်းတခွက်ပါ။ Hot Plate သီးသန့်ရှာဖို့မလိုအောင် လွယ်ကူတဲ့ချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ဂျပန်တိုဖူး / ကြက်ဥတိုဖူး - ၂ ထုပ်
ပဲစိမ်းလုံး - ၁၀၀ ဂရမ်
ပြောင်းဖူး စေ့ - ၁၀၀ ဂရမ်
မုန်လာဥ - ၅၀ ဂရမ်
(ပဲစိမ်း၊မုန်လာဥ၊ပြောင်းဖူးေ၇ာပြီးသားreadymadeအထုပ်လည်းသုံးနိုင်ပါတယ်။)
ရှီတာခီမှို - ၃ ပွင့်
ကြက်သွန်ဖြူ - ၃ မြောင်း
ကြက်သွန်နီ - အသေး တလုံး
ဆီ - လိုသလောက်
ဆား - ဇွန်းတဝက် စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ခရုဆီ - တစ်ဇွန်း
ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
ပြောင်းဖူးမှုန့် /ကော်မှုန့် - တစ်ဇွန်း
ကြက်ဥ - တစ်လုံး
နံနံပင် သို့ တ၇ုတ်နံနံ - နှစ်ပင်
ပြင်ဆင်ပြင်လုပ်နည်း
***********
(၁)ဂျပန်တိုဖူးကိုအထုပ်၏ထိပ်ဖက်မှအကွင်းလိုက်လှီးဖြတ်ကာတိုဖူးကိုသာသာညစ်ထုတ်ပြီးလိုသဆလာက်အကွင်းလှီးထားပါ။
(၂)ကြက်သွန်ဖြူ၇ိုက်ပြားပြီးခပ်ကြမ်းကြမ်းစိတ်ပါ။ကြက်သွန်နီပါးပါးစိတ်ထားပါ။မှိုကိုပဲစိမ်းလုံးများနှင့်အ၇ွယ်တူလှီးဖြတ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဆီအိုးတည်ပြီးဆီပူပါကတိုဖူးပြားများကိုထည့်ပြီးေ၇ွှဝါရောင်၇အောင်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
(၄)အိုးထဲမှဆီကိုသွန်ထုတ်ပြီးလက်ကျန်ဆီအနည်းငယ်ဖြင့်ကြက်သွန်ဖြူနီဆီသပ်ပါ။မှို၊ပဲစိမ်း၊ပြောင်းဖူး၊မုန်လာဥနီတို့ကိုထည့်ကြော်ပါ။
(၅)ကြက်ပြုတ်ရည်ထည့်ပါ။အရသာများဖြည့်စွက်ပေးပါ။ဆူပွက်ပါကကော်မှုန့်တစ်ဇွန်းကိုေ၇နှစ်ဇွန်းဖြင့်ဖျော်ပြီးဟင်းအိုးထဲသို့လောင်းထည့်ကာအ၇သာအပေါ့အငံမြည်းပါ။ကြော်ထားသောဂျပန်တိုဖူးကိုထည့်ပြီးသမအောင်မွေပေးပါ။
(၆)ကြက်ဥကိုHot Plate တွင်ထည့်လိုပါကအပူပေးထားသော Hot Plate ပေါ်တွင်ကြက်ဥခေါက်ပြီးလောင်းထည့်ပါ။ပြီးလျှင် ဂျပန်တိုဖူးဟင်းကိုကြက်ဥပေါ်တွင်လောင်းထည့်ပြီးတည်ခင်းနိုင်ပါပြီ။

(၇)Hot Plateမသုံးလိုပါကဆူပွက်နေသောဟင်းအိုးထဲသိုကြက် ဥကိုခေါက်ပြီးသာသာလောင်းထည့်မွေပေးပြီးပန်းကန်တွင်ထည့်ပြီး နံနံပင်တ၇ုပ်နံနံဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...