23 July 2015

ယိုးဒယားကြက်ပင်စိမ်းဟင်း

Thai basil chicken
 (pad kra pao gai)

ထိုင်းကြက်ပင်စိမ်းချက်နည်းမေးနေတာကြာလှပေမဲ့ပင်စိမ်းရှာမ၇ လို့တင်မပေးနိုင်ခဲ့တာ။ဒီနေ့မှပင်စိမ်းရလို့ချက်ဖြစ်ပါတယ်။ယိုးဒယားကြက်ပင်စိမ်းဟင်းကနာမည်ကြီးလူကြိုက်များပြီးထမင်းမြိန်တဲ့ဟင်းတခွက်ဖြစ်ပါတယ်။ထိုင်းစားသောက်ဆိုင်တွေမှာတော့မရှိမဖြစ်တဲ့ ဟင်းတမယ်လို့ဆိုရမှာပါ။ဖြစ်နိုင်ရင်ဒီဟင်းလေးကိုကြော်စားရင်တစ်ပွဲဆီကြော်ဖို့အကြံပြုချင်ပါတယ်။မီးပြင်းပြင်းနဲ့တပွဲဆီကြော်တာဟာဟင်းရဲ့ပူစပ်ရှိန်းအနံ့အ၇သာကိုအပြည့်အဝရရှိစေမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းအနည်းငယ်နဲ့ဟင်းတခွက်ထဲနဲ့ထမင်းမြန်စေဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၁၅၀ ဂရမ် (နှစ်သက်၇ာအသား)
ကြက်သွန်ဖြူ - ၅မြောင်း
ငရုပ်သီးစိမ်း - ဆယ်တောင့်
ပဲတောင့်ရှည် - နှစ်တောင့်
(မထည့်လည်းရပါတယ်) အချို့ဆိုင်များထည့်ပါတယ်။
ကဖောင်ရွက် - လက်တစ်ဆုပ်
(ကုလားပင်စိမ်း/ကဖောင်ရွက်/Holy Basil)
ခရုဆီ -တစ်ဇွန်း စားပွဲဇွန်း
ပဲငံပြာရည်အကြည် - တစ်ဇွန်း
(ယိုးဒယားငံပြာရည်လည်းသုံးနိုင်ပါတယ်)
အနောက်ရည် - ဇွန်းတစ်ဝက်
သကြား ဇွန်းတစ်ဝက်
ဆီ - ၃ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ဦးစွာကြက်သားကိုသေးသေးစိတ်ထားပါ။ပတောင့်ရှည်သေးသေးစိတ်ပါ။ကြက်သွန်ဖြူ ၊င၇ုပ်သီး၈တောင့်ခန့်ကိုဓားပြားရိုက်ပြီးခပ်ကြမ်းကြမ်းစိတ်ထားပါ။၂တောင့်ကိုထပ်ခြမ်းခြမ်းထားပါ။ပင်စိမ်းရွက်ကိုချွေပြီးေ၇ဆေးထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
(၃)ဆီပူပါကမီးကိုအမြင့်ဆုံးတင်ပြီးကြက်သွန်ဖြူနှင့်င၇ုတ်သီးကိုချကြော်ပါ။
(၄)မွှေးလာပါကကြက်သားနှင့်ပဲသီးချကြော်ပါ။အရသာပဲငံပြာရည်၊ခရုဆီ၊သကြား၊အနောက်ရည်တို့ကိုထည့်ပါ။ခြောက်နေပါကေ၇အ နည်းငယ်ထဲ့ပေးပါ။နောက်ဆုံးတွင်ပင်စိမ်းရွက်နှင့်ငရုပ်သီးခြမ်းထည့်ပြီးသမအောင်မွေကာမီးဖိုမှချပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။သုံးဆောင်ခါနီးမှသာကြော်ပါ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...