25 July 2015

ကြက်သားမှိုဟင်းချို

Chicken Mushroom Soup

ယိုးဒယားဟင်းထဲကအနံ့အရသာနဲ့ပြည့်စုံတဲ့ကြက်သားမှိုဟင်းချိုလေးဖြစ်ပါတယ်။ထမင်းနဲ့တွဲဖက်တည်ခင်းနိုင်သလို သီးသန့်လည်းအစာပြေအဖြစ်သုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်
ပါဝင်ပစ္စည်း
********
ကြက်သားပြုတ်/ အစိမ်း - ၁၀၀ ဂရမ် လက်တစ်ဆုပ်
ကြက်သွန်နီ - တစ်လုံး
ရှီတာခီမှို - ၃ပွင့်
ကြက်သွန်မိတ် - ၂ပင်
ယိုးဒယားငံပြာရည် - တစ်ဇွန်း စားပွဲဇွန်း
ခရုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့် /သကြား - တစ်ဇွန်း
ကြက်ပြုတ်ရည် - တစ်ပန်းကန်လုံး
နှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
***************
(၁)ဦးစွာကြာဇံကိုရေစိမ်ထားပါ။ရှီတာခီမှိုအစိုမရှိပါကအခြောက်ကိုရေစိမ်ထားပါ။ပွလာပါ ကခပ်စောင်းစောင်းပါးပါးလှီးထားပါ။ကြက်သားကိုပါးပါး လှီးထားပါ။ကြက်သွန်ကိုအမြောင်းကြီးလှီးပြီးချွေထားပါ။ကြက်သွန်မိတ်လက်တစ်ဆစ်ခန့်ဖြတ်ထားပါ။
(၂)အားလုံးအသင့်ဖြစ်ပါကအိုးတခုတွင်ကြက်ပြုတ်ရည်ထည့်ပါ။ကြာဇံကြက်သားမှိုတို့ကိုထည့်ပြီးဆူပွက်ပေါင်တည်ပါ။
(၃)အရသာငံပြာရည် ၊ခရုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကို ထည့်ပါ။
(၄)ကြာဇံမှိုနူးအိပါကအရသာအပေါ့အငံမြည်းပြီးငရုပ်ကောင်းခရုဆီကြက်သွန်မိတ်ထည့်ကာတည်ခင်းသုံးတောင်နိုင်ပါပြီ ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...