24 July 2015

ဆီထမင်းကိတ်

 Yellow Sticky Rice Cake
မနက်ခင်းစာနဲ့ညနေပိုင်းအစာပြေအဖြစ်သုံးဆောင်ကြတဲ့ဆီထမင်းကိုမြန်မာတိုင်းနှစ်သက်ကြမယ်ထင်ပါတယ်။ဆီထမင်းနှစ်သက်သူမိမိအိမ်သူအိမ်သားသူငယ်ချင်းများအတွက်အမြင်လေးလည်းလှပြီးမွေးနေ့ပွဲအတွက်ဖြစ်စေအထိမ်းအမှတ်ပွဲဖြစ်စေအိမ်မှာဘဲကိုယ်တိုင်လှလှလေးစိတ်ကူးရှိသလိုပြင်ဆင်ပေးနိုင်ဖို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။လူတိုင်းသိပြီးသားပေမဲ့တနေရာတည်းကြည့်လို့ ရအောင်ဆီ ထမင်းလုပ်နည်းပြောပြပါ့မယ်။
ပါဝင်ပစ္စည်း
*******
ကောက်ညင်းဆန် - ဆန်ချိန်ခွက်လေးခွက်
ကြက်သွန်နီ - ၂လုံး
ဆား -လိုသလောက်
ဆီ - ၈၀ ဂရမ်
နနွင်း - အနည်းငယ်
တွဲဖက်စားရန်
ငါးရံ့ခြောက်ဖုတ် သို့ ဆိတ်သားခြောက်
ဘာလချောင်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ကောက်ညင်းကိုရေဆေးပြီးရေလေးနာရီခန့်စိမ်ထားပါ။
(၂)ကြက်သွန်နီကိုပါးပါးလှီးထားပါ။
(၃)ဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီကိုချကြော်ပါ။ရွှေဝါရောင်ရပါကဆယ်ယူဆီစစ်ထားပါ။
(၄)ပြီးလျှင်ကြက်သွန်ကြော်ထားသောဆီထဲသို့ကောက်ညင်းဆန်စိမ်ထားသည်ကိုေ၇စစ်ပြီးထည့်ပါ။ဆားနနွင်းထည့်ပါ။ရေကိုကောက်ညင်းမြုတ်ရုံမျက်နှာပြင်ညီအထက်အနည်းငယ်ပိုထည့်ုပြီးမီးဖိုတွင်အဖုံးအုပ်ပြီးတည်ပါ။
(၅)ဆူပွက်ပါကအိုးမကပ်စေရန်အထက်အောက်လှန်မွေပေးပါ။အရသာအပေါ့အငံမြည်းပါ။
(၆)ရေခမ်းသွားပါကမီးကိုအသေးဆုံးထိလျော့ချကာအဖုံးအုပ်ပြီးကောက်ညင်းနှပ်သည်ထိထားပါ။ဆီထမင်းဂျိုးကပ်သည်ကိုလိုချင်ပါကအနည်းငယ်အချိန်ပိုထားနိုင်ပါတယ်။
(၇)ကောက်ညင်းနှပ်ပါကပန်းကန်တွင်ထဲ့ပြီးအပေါ်မှကြော်ထားသောကြက်သွန်ကြော်၊ငါးရံ့ခြောက်၊ဆိတ်သားခြော က်တို့ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
ဆီထမင်းကိတ်လုပ်နည်း
****************
(၁)ချက်ပြီးသားဆီထမင်းကိုအညီအမျှနှစ်ပိုင်းခွဲထားပါ။
(၂)ကိတ်လုပ်တဲ့ပုံစံခွက်တွင်တဝက်ကိုထည့်ပြီးမျက်နှာပြင်ညီအောင်ဖြန့်ထည့်ပေးပါ။
(၃)ပြီးလျှင်အလယ်တွင်ဘာလချောင်ကြော်ကြက်သွန်ကြော်တို့ကိုဖြူးပေးပါ။(မိမိစိတ်ကူးရှိသလိုလုပ်နိုင်ပါတယ်။ကြက်သွန်ကြက်ဥခရမ်းချဉ်သီးစသဖြင့်)
(၄)အပေါ်မှကျန်ကောက်ညင်းတဝက်ကိုဖြန့်ခင်းပေးကာမျ က်နှာပြင်ညီအောင်ပြုလုပ်ပါ။
(၅)အပေါ်ဆုံးမျက်နှာပြင်တွင်မိမိနှစ်သက်သလိုအလှဆင်နိုင်ပါတယ်။ဘာလချောင်ကြော်ပုဇွန်ခြောက်မှုန့်ဖြူးကာငုံးဥ ချယ်ရီခရမ်းချဉ်သီးတို့ဖြင့်အလှဆင်ကာအအေးခံပြီးလှီးဖြတ်တည်ခင်းနိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...