22 July 2015

မလေးရှားငါးကင်

Grilled Stingray With Sambal Sauce

စင်္ကာပူ၊မလေးရှားနဲ့အင်ဒိုနီရှားနိုင်ငံများတွင်နာမည်ကြီးဟင်းတမျိုးဖြစ်ပါတယ်။Sambal Stingray ပြုလုပ်ရန်အတွက်Sambal Sauce ကိုအ၇င်ပြုလုပ်ဖို့လိုပါတယ်။ဒီငရုပ်သီးဟင်းအနှစ်လေးနဲ့ ဟင်းအမျိုးပေါင်းများစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဟင်းပေါင်းများစွာပြင်ဆင်နိုင်ဖို့အဓိကကျတဲ့SAMBALCHILLISAUCEငရုပ်သီးအနှစ်ချက်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်။အချို့ဟင်းပွဲမှာငါးပိထည့်ပြီးအချို့မထည့်တဲ့ဟင်းတွေလည်းရှိပါတယ်။မိမိနှစ်သက်သလိုပြောင်းလဲချက်ပြုတ်နိုင်ပါတယ်။
Sambal Sauce တွင်ပါဝင်ပစ္စည်း
********************
ငရုပ်သီးခြောက် -၁၀၀ဂရမ်
ကြက်သွန်နီဥသေး - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ - ၅၀ဂရမ်
မန်ကျည်းမှည့် - ၂၅ ဂရမ်
ဆား - နှစ်ဇွန်း
သကြား - ၅ဇွန်း
ဆီ - ၁၅၀ ဂရမ်
ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***************
(၁)ဦးစွာင၇ုပ်သီးခြောက်ကိုသန့်စင်ပြီးရေဆူဖြင့်ပွအောင်စိမ်ထားပါ။
(၂) ကြက်သွန်နီနှင့်ကြက်သွန့်ဖြူကိုသင်ထားပါ။
(၃)ငရုပ်သီးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ငရုပ်သီးကြက်သွန်နီကြက်သွန့်ဖြူတို့ကိုရေအနည်းငယ်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ပြီးသားငရုပ်သီးကိုဆီပြန်လာသည်ထိချက်ပါ။
(၅)ဆီပြန်လာပါကမန်ကျည်းမှည့်ကိုရေဖျော်ပြီထည့်ပါ။ဆား၊သကြားထည့်ပါ။အရသာချိုစပ်ဖြစ်ပါတယ်။
(၆)အရသာအပေါ့အငံမြည်းပြီးဆီပြန်လာပါကမီးဖိုမှချကာအအေးခံထားပါ။သန့်ရှင်းသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားကာမိမိချက်ပြုတ်လိုသောဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ့လည်းတွဲဖက်စားနိုင်သလိုနှစ်သက်ရာအသား၊ငါး၊ကြက်ဥ၊ငုံးဥ၊ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နိုင်ပြီးအရသာမှာချိုစပ်မွေးလေးဖြစ်ပါတယ်။
(၇)Grilled Sambal Fishအတွက်ငါးကိုဆား၊ဟင်ခပ်မှုန့်အနည်းငယ်Sambal Sauce ဖြင့်နယ်ထားပါ။ငါးကို oven bake , Pan grill ,နှစ်သက်သလိုပြုလုပ်နိုင်ပါတယ်။ BBQ ပြုလုပ်လိုပါကငါးကိုအလူမီနီယံစက္ကူဖြင့်ထုပ်ပြီးကင်ရပါတယ်။ခုပြုလုပ်ထားတာတော့ Pan  grilled နည်းဖြင့်အရောင်ရအောင် ကင်ပြီး oven မှာအတွင်းထိကျက်အောင်၅မိနစ်ခန့်ထားပြီး ကင်ထားပါတယ်။
(၈)ငါးအသားကျက်ပါကပန်းကန်တွင်တည်ခင်းပြီးသံပုရာသီးညစ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။(အချို့ဆိုင်များတွင်ပုဇွန်မျှင်ငါးပိဆော့ဖြင့်တွဲဖက်ပေးပါတယ်။)မိမိနှစ်သက်ရာငါးဖြင့်အစားထိုးပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...