22 July 2015

ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကြော်ကြော်နည်းကတယောက်နဲ့တယောက်သိပ်မကွာကြပါဘူး။မြန်မာတိုင်းနှစ်သက်တဲ့မ၇ိုးနိုင်တဲ့ဟင်းတခွက်ပါ။မေးထားတဲ့ ညီမတယောက်အတွက်ဆိုဖီယာ၇ဲ့ကြော်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ချဉ်ပေါင်ရွက် - သုံးစည်း
ကြက်သွန်နီ -နှစ်လုံး
ခရမ်းချဉ်သီး - နှစ်လုံး
မျှစ်ပြုတ် - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်းစားပွဲဇွန်း
ပုဇွန်ခြောက်- သုံးဇွန်း
ငါးပိ - တစ်ဇွန်း
ပုဇွန်ဆိတ် - တစ်ပန်းကန် (ထည့်လိုကထည့်ပါ)
အရောင်တင် - တစ်ဇွန်း ငရုတ်သီးမှုန့်
နနွင်း - အနည်းငယ်
ငံပြာရည် - နှစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ငံပြာရည် -နှစ်ဇွန်း
ဆား + အနည်းငယ်
ငရုတ်သီးစိမ်း - ဆယ် တောင့်
နံနံပင် - လက်တစ်ဆုပ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာချဉ်ပေါင်၇ွက်ကိုရေဆေးသန့်စင်ပြီးဆားအနည်းငယ်ဖြင့်နွမ်းအောင်နယ်ထားပါ။
(၂)ကြက်သွန်ပါးပါးစိတ်ထားပါ။ခ၇မ်းချဉ်သီးသေးသေးစိတ်ထားပါ။ပုဇွန်ေ၇ဆေးသန့်စင်ထားပါ။
(၃)ချဉ်ပေါင်၇ွက်ကို နွမ်းအောင်နယ်ပြီးေ၇ဆေး၍ရေခြောက်အောင်ညစ်ထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ကို နနွင်းအနည်းငယ်ဖြင့်ဆီသပ်ပါ။ဂျင်းကြက်သွန်ဖြူ၊ပုဇွန်ခြောက်ထည့်ပါ။အရောင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးငါးပိတို့ကိုထည့်ပြီး ကြေအောင်ခြေပေးပါ။မျှစ်ထည့်ပါ။
(၅)ကြေသွားပါကပုဇွန်ဆိတ်ထည့်လိုကထည့်ပါ။ချဉ်ပေါင်၇ွက်ထည့်ကာအ၇သာဖြည့်စွက်ပြီးနွမ်းအောင်ကြော်ပေးပါ။
(၆)ဆီပြန်လုံးလာပါက အရသာအပေါ့အငံမြည်းပြီးင၇ုပ်သီးစိမ်းနံနံ ပင်ထည့်ကာသမအောင်မွေပေးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။

1 comment:

  1. အကြိုက်ဆုံး..း)
    အိုင်အိုရာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...