21 July 2015

ယိုးဒယားကျောက်ပွင့်သုပ်

ကျောက်ပွင့်ကိုပုံစံမျိုးစုံလုပ်စားကြတဲ့ထဲကယိုးဒယားပုံစံသုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။အစာပြေအဖြစ်စားနိုင်သလိုဟင်းတခွက်အနေနဲ့လည်းတည်ခင်းနိုင်ပါတယ်။

ပါဝင်ပစ္စည်း
******
ကျောက်ပွင့် - တစ်ပွင့်
ကြက်သွန်နီ - တစ်လုံး
ခရမ်းချဉ်သီး- တစ်လုံး
ကြက်သွန်မိတ် - နှစ်ပင်
တရုပ်နံနံ - နှစ်ပင်
ငရုပ်သီးစိမ်း - ၅တောင့်
ကြက်သွန်ဖြူ - တစ်မြောင်း ကြီးကြီး
ယိုးဒယားငံပြာရည် - 1Tbsp
သံပုရာရည် - 1Tbsp
အချိုမှုန့်သကြားအရော - 1tsp
(သို့)ဟင်းခပ်မှုန့်သကြား
နှစ်သက်ရာပင်လယ်စာလည်းထည့်နိုင်ပါတယ်။
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ဦးစွာကျောက်ပွင့်ကို ရေစိမ်ထားပါ။
(၂)ပါဝင်ပစ္စည်းများမှကြက်သွန်နီပါးပါးလှီး၊ကြက်သွန်မိတ်၊တရုပ်နံနံကိုလက်တစ်ဆစ်ခန့်ဖြတ်ထားပါ။ငရုပ်သီးကြက်သွန်ဖြူနုတ်နုတ်စိပ်ထားပါ။ခရမ်းချဉ်သီးအမြောင်းလှီးဖြတ်ထားပြီးအားလုံးကိုပန်းကန်တခုတွင်ထည့်ထားပါ။
(၃)လက်ကိုင်အိုးတခုဖြင့်ရေဆူတည်ပါ။ရေဆူပါကကျောက်ပွင့်ကို၂မိနစ်ခန့်ထည့်ပြုတ်ပါ။ပြီးလျှင်အိုးကိုစောင်းပြီးရေများကိုသွန်လိုက်ပါ။ ပင်လယ်စာထည့်လိုပါကကျောက်ပွင့်နှင့်အတူရောပြုတ်နိုင်ပါတယ် (၄)ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုအိုးထည်းထည့်ပြီးငံပြာရည်၊အချိုမှုန့်သကြား၊သံပရာရည်တို့ကိုထည့်ပြီးသမအောင်မွေပါ။အရသာချိုချဉ်ငံစပ်ရပါကပန်းကန်တွင်ပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။အရောင်အနည်းငယ်လိုချင်ပါက ချီလီဆော့ထည့်နိုင်ပါသည်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...