29 July 2015

Sambal Clam



စင်္ကာပူမလေးရှားနဲ့အင်ဒိုနီရှားနိုင်ငံများတွင်နာမည်ကြီးဟင်းတမျိုးဖြစ်ပါတယ်။မြန်မာငရုက်သီးငပိချက်နဲ့ချက်ပုံခပ်ဆင်ဆင်တူပြီးထမင်းဆိုင်ခေါက်ဆွဲဆိုင်တွေမှာမပါမဖြစ်တဲ့ငရုပ်သီးချက်လေးလည်းဖြစ်ပါတယ်။ဒီငရုပ်သီးဟင်းအနှစ်လေးနဲ့ဟင်းအမျိုးပေါင်းများစွာကိုပြင်ဆင်ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဟင်းပေါင်းများစွာပြင်ဆင်နိုင်ဖို့အဓိကကျတဲ့ SAMBAL  CHILLI SAUCE ငရုပ်သီးအနှစ်ချက်နည်းေ လးကိုဝေမျှပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
*********
ငရုပ်သီးခြောက် - ၂၀၀ ဂရမ်
ကြက်သွန်နီဥသေး - ၂၀၀ ဂရမ်
ကြက်သွန်ဖြူ - ၁၀၀ ဂရမ်
ငပိ - နှစ်ဇွန် စားပွဲတင်ဇွန်း
မန်ကျည်းမှည့် - ၅၀ ဂရမ်
ဆား - နှစ် ဇွန်း
သကြား - ၁၀၀ ဂရမ်
ဆီ - ၅၀၀ဂရမ်
ရေ - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***************
(၁)ဦးစွာင၇ုပ်သီးခြောက်ကိုသန့်စင်ပြီးရေဆူဖြင့်ပွအောင်စိမ်ထားပါ။
(၂) ကြက်သွန်နီနှင့်ကြက်သွန့်ဖြူကိုသင်ထားပါ။
(၃)ငရုပ်သီးအဆင်သင့်ဖြစ်ပါကကြိတ်စက်တွင်ငရုပ်သီးကြက်သွန်နီကြက်သွန့်ဖြူငပိတို့ကိုရေအနည်းငယ်ထည့်ပြီးကျေညက်အောင်ကြိတ်ပါ။
(၄)အိုးတခုတွင်ဆီထည့်ပြီးကြိတ်ပြီးသားငရုပ်သီးကိုဆီပြန်လာသည်ထိချက်ပါ။
(၅)ဆီပြန်လာပါကမန်ကျည်းမှည့်ကိုရေဖျော်ပြီထည့်ပါ။ဆား၊သကြားထည့်ပါ။
(၆)အရသာအပေါ့အငံမြည်းပြီးဆီပြန်လာပါကမီးဖိုမှချကာအအေးခံထားပါ။သန့်ရှင်းသောဘူးတွင်ထည့်ပြီးရေခဲသေတ္တာတွင်သိမ်းထားကာမိမိချက်ပြုတ်လိုသောဟင်းလျာများကိုပြင်ဆင်ချက်ပြုတ်နိုင်ပါတယ်။ ထမင်းကြော်၊ခေါက်ဆွဲကြော်နဲ့လည်းတွဲ ဖက်စားနိုင်သလိုနှစ်သက်ရာအသား၊ငါး၊ကြက်ဥ၊ငုံးဥ၊ကင်းမွန်၊ဟင်းသီးဟင်းရွက်များဖြင့်ရောစပ်ချက်ပြုတ်နို င်ပြီးအရသာမှာချိုစပ်မွေးလေးဖြစ်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...