29 July 2015

မုန့်ဆီကြော်

မြန်မာ့ရိုးရာမုန့်တမျိုးဖြစ်တဲ့မုန့်ဆီကြော်ကိုမြန်မာတိုင်းသိ ကြသလိုနှစ်လည်းနှစ်သက်ကြမှာပါ။အထူးသဖြင့်အဝေးေ ရာက်နေသူများကပိုပြီးတမ်းတလေ့ရှိကြပါတယ်။ဆိုဖီယာတော့အိမ်ပြန်တိုင်းမဖြစ်မနေသွားရှာဝယ်စားတတ်သလို အပြန်လည်းအမြဲယူလာဖြစ်ပါတယ်။ငယ်ငယ်ကမန္တလေးမှာကြီးတော့ရပ်ကွက်ထဲကတနှစ်တခါ အသိမိတ်ဆွေအိမ်တွေမှာမုန့်ဆီကြော်ပြီဆိုရင်ဘေးကထိုင်ကြည့်ခဲ့တယ်။မုန့်ဖြူမုန့်နီဆိုပြီးကြော်ကြပါတယ်။အဝေးရောက်နေသူများအဖို့ခုကြော်ထားတဲ့အချိုးလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း(ရှစ်ချပ်စာ)
****************
ကောက်ညင်းမှုန့် - ၂၀၀ ဂရမ်
ဆန်မှုန့် - ၅၀ ဂရမ်
ထန်းလျက် -၂၅၀ ဂရမ်
ရေ - ၂၈၀ ml
ဆား - အနည်းငယ်
မြေပဲထောင်း- တစ်ပန်းကန်
နှမ်း - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာထန်းလျက် ၂၅၀ ဂရမ်ကိုရေ၂၈၀mlထည့်ပြီးကျိုပါ။
(၂)ထန်းလျက်ပျော်ပါကဇကာဖြင့်အမှိုက်များကိုစစ်ပြီးအအေးခံထားပါ။
(၃)ဆန်မှုန့်နှင့်ကောက်ညင်းမှုန့်အရောကိုဇလုံတခုတွင်ထည့်ပါ။ဆားအနည်းငယ်ထည့်ပါ။ထန်းလျက်ရည်ခပ်နွေးနွေးအနေအထားတွင်ရောထည့်ပြီးသမအောင်မွေပါ။မြေပဲထောင်းနှင့်နှမ်းထည့်ပါ။အုန်းသီးထည့်လိုကပါးပါးစိတ်ထည့်ပါ။
(၄)ပြီးလျှင်အိုးအပြန့်တွင်ဆီလက်တလုံးခန့်ထည်ပြီးအပူပေးပါ။
(၅)ဆီပူလာပါကမုန့်နှစ်ရည်တစ်ဇွန်းခပ်ပြီးလောင်းထည့်ပါ။
(၆)မုန့်နှစ်ပြန့်ရန်အိုးကိုအနည်းငယ်လှုပ်ပေးပါ။
(၇)အနည်းငယ်အရောင်ရပါကတဖက်သို့လှန်ပေးပြီးဆက်ကြော်ပါ။ကြာကြာကြော်လျှင်မာတတ်သည်။
(၈)၂ဖက်လုံးအရောင်ရပါကဆယ်ယူဆီပြီးဒန်အိုးတွင်ငှက်ပျောဖက်တထပ်ဆီခင်းထည့်ကာအဖုံးအုပ်ထားပါ။
***ငှက်ပျောဖက်နံ့သင်းသင်းမုန့်ဆီကြော်မှာကြော်ပြီးနောက်ရက်များတွင်ပိုစားကောင်းပါတယ် ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...