30 July 2015

Tomato Rice

ခရမ်းချဉ်သီးထမင်း
ထောပတ်ထမင်း၊အုန်းထမင်း၊ပဲထမင်း၊ဒန်ပေါက်၊ကြက်ဆီ ထမင်းအမျိုးမျိုးသောထမင်းချက်နည်းတွေကတော့နားယ ဉ်ပြီးသားဖြစ်သလိုအလှူပွဲ၊မွေးနေ့ပွဲတွေမှာအမြဲလိုတည်ခ င်းလေ့ရှိကြပါတယ်။ခရမ်းချဉ်သီးထမင်းကိုတော့ကိုယ့်ပတ်ဝန်း ကျင်မှာကြားရခဲပါတယ်။အလှူမင်္ဂလာပွဲမွေးနေ့ပွဲတွေမှာအရသာထူးထူးခြားခြားလေးနဲ့အသစ်အဆန်းတမျိုးနဲ့တည်ခင်းမိတ်ဆက်ပေးနိုင်ဖို့မလေးခရမ်းချဉ်သီးထမင်းချက်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ဆန်(Basmati ) - ၄ခွက် ဆန်ချိန်ခွက်
နို့စိမ်း - ၂ခွက်
ရေ - ၃ခွက်ခွဲ
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ - ၄မြောင်း
ဂျင်း -၃ပြား
ခရမ်းချဉ်သီး - အနေတော် ၂လုံး
ခရမ်းချဉ်သီးအစားTomato Puree သုံးနိုင်ပါတယ်။
ခရမ်းချဉ်သီးအနှစ် - ၃ဇွန်း (Tomato Paste )
သစ်ဂျပိုးခေါက် - ၂ချောင်းအသေး
ဖာလာစေ့ - ၂စေ့
လေးညင်းပွင့် - ၂ပွင့်
နာနတ်ပွင့် - တစ်ပွင့်
ဆွမ်းမွေးရွက် - ၂ချောင်း
ဆီ - ၅ဇွန်း
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာဆန်ဆေးပြီးရေ၊နို့စိမ်း၊ဆား၊သကြား၊ဆွမ်းမွေးရွက်ထည့် ပြီးအသင့်ပြင်ထားပါ။
(၂)ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းကိုရောပြီးကြိတ်ထားပါ။
(၃)ခရမ်းချဉ်သီးသုံးပါကသေးသေးစိတ်ထားပါ။အရောင်လှစေရန်ခရမ်းချဉ်သီးအနှစ်သုံးခြင်းဖြစ်ပါတယ်။
(၄)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတခုကိုအပူပေးပြီးဆီ ထည့်ပါ။ဖာလာ၊လေးညင်း၊နာနတ်ပွင့်၊သစ်ဂျပိုးခေါက်ထည့်ပြီးဆီသပ်ပါ။
(၅)အနံ့မွှေးလာပါကကြိတ်ထားသည့်ကြက်သွန်အရောကို ဆီသပ်ပါ။ခရမ်းချဉ်သီးအနှစ်ထည့်ပါ။ခရမ်းချဉ်သီးထည့်ပြီးအနံ့မွှေးလာလျှင်မီးပိတ်ပြီးအသင့်ပြင်ဆင်ထားသောထမင်းပေါင်းအိုးထဲသို့ထည့်ကာသမအောင်မွေပေးပြီးခလုတ်နှိပ်ကာချက်ထားပါ။
(၆)ဆယ်မိနစ်ခန့်တကြိမ်အထက်အောက်မွေပေးပါ။ခလုတ်ပြုတ်ပြီးထမင်းကျက်လျှင်ရနံ့သင်းပျံ့အရသာ စိမ့်လှတဲ့ခရမ်းချဉ်သီးထမင်းကိုနှစ်သက်ရာကြက်သား၊ကြက်ကြော်၊သီးစုံ သနပ်၊သခွားသီးတို့ဖြင့်တွဲဖက်တည်ခ င်းနိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...