21 July 2015

Prawn Floss Bread Roll

 ပုဇွန်မှုန့်ပေါင်မုန့်လိပ်

ပေါင်မုန့်ကိတ်မုန့်လုပ်တာဆိုဖီယာ့ရဲ့လိုင်းမဟုတ်လို့သိပ့်မကျွမ်းကျင်ပါဘူး။တခါတလေစားချင်တာလေးရှိရင်ကိုယ့်ဘာကိုယ်လုပ်စားကြည့်တာလောက်ပါ။ရောင်းတမ်းဝင်လောက်အောင်အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့အိမ်မှာမိသားစုစားဖို့စမ်းလုပ်ကြည့်ချင်သူတို့အဖို့အဆင်ပြေနိုင်မဲ့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဂျုံ - ၄၅၀ဂရမ်
Yeast - ၂ဇွန်း လ္ဘက်ဇွန်း
သကြား - ၆၅ ဂရမ်
ဆား - အနည်းငယ်
ထောပတ် - ၃၀ ဂရမ်
နွားနို့ နွေနွေး - 1ခွက် (၂၅၀ ml)
ကြက်ဥ - တစ်လုံး
Prawn Floss - တစ်ပန်းကန်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာဇလုံတခုတွင်ဂျုံသကြားဆားနှင့်yeastကိုထည့်ပြီးမွေပေးပါ။
(၂)ပြီးလျှင်ကြက်ဥအနှစ်ထောပတ်နှင့်နို့ကိုထည့်ပြီးသမေ အာင်မွေပေးပါ။ဂျုံလုံးကိုစားပွဲတွင်တင်ပြီးဖိခြေ၍ေ ချာမွတ်လာသည်ထိဆယ်မိနစ်ခန့်နယ်ပေးပါ။
(၃)ချောမွေ့လာပါကဂျုံလုံးကိုဆီလူးပြီးဇလုံတွင်ထည့်ကာပလပ်စတစ်အုပ်ပြီး၂နာရီခန့်အပွခံထားပါ။
(၄)ပွလာသောဂျုံကိုရှစ်ပိုင်းပိုင်းပြီးလုံးထားပါ။
(၅)ပထမဂျုံတလုံးကိုခပ်ရှည်ရှည်ဖြန့်ပြီးPrawn Floss ကိုဖြူးပြီးမိမိနှင့်နီးရာဘက်မှစပြီးလိပ်ပေးပါ။
(၆)လိပ်ပြီးသားကိုဆီသုပ်ထားသောမုန့်ဖုတ်ဘမ်းတွင်ထည့်ပါ။အလိပ်၏အဆုံးကိုအောက်ဘက်တွင်ထားပါ။တလုံးနှင့်တလုံးလက်လေးလုံးခန့်ခြားထားပါ။
(၇)အားလုံးပြီးလျှင်ပလပ်စတစ်အုပ်ပြီးမိနစ်၃၀ခန့်အပွခံထားပါ။
(၈)ပွလာပါကကြက်ဥအကာသုတ်ပေးပြီးoven၁၈၀ံCတွင်မိနစ်၂၀ခန့်ဖုတ်ပြီးထုတ်ယူကာအပေါ်မှထောပတ်သုတ်ပေးပြီးသုံးဆောင်နိုင်ပါပြီ။
*** Prawn Floss ကိုSuper Market များတွင်ဝယ်ယူနိုင်ပါတယ်။Prawn Floss နေရာတွင်အခြားနှစ်သက်ရာယိုတို့ ကိုအစားထိုးထည့်ပြီးပြုလုပ်နိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...