21 July 2015

ကြက်ဥဖတ်ထုပ်

Egg Wonton

ဖတ်ထုပ်ဖက်မပါဘဲကြက်ဥနဲ့ဖတ်ထုပ်ပြုတ်ဖတ်ထုပ်ကြော်လေးလုပ်စားရအောင်နော်။ပြုလုပ်ရတာနည်းနည်းအနုစိတ်ပေမဲ့လုပ်ထွက်လာတော့ပျော်စရာကောင်းပါတယ် ။
လိုအပ်သောပစ္စည်း
**********
ကြက်ဥ - သုံးလုံး
ဆား - အနည်းငယ်
ကြက်ဥကိုဆားအနည်းငယ်ထည့်ပြီးကြေအောင်ခေါက်ထားပါ
အစာသွပ်ရန်လိုအပ်သောပစ္စည်း
*****************
နှစ်သက်ရာအသားစဉ်းထားတာ - တစ်ပန်းကန်
ပဲငံပြာရည် - တဇွန်း
ခရုဆီ - တစ်ဇွန်း
ှနှမ်းဆီမွေး - အနည်းငယ်
ငရုပ်ကောင်း- အနည်းငယ်
ပါဝင်ပစ္စည်းအားလုံးကိုထည့်ပြီးဆီအနည်းငယ်ဖြင့်ကြော်ပေးပါ။ အစိမ်းထည့်လိုကထည့်နိုင်သည်။ကြက်ဥဖတ်ထုပ်ကိုသေခြာပြန်ပြုတ်ရပါမယ်။
ကြက်ဥဖတ်ထုပ်လုပ်နည်း
**************
(၁)အိုးမကပ်သောဒယ်တခုကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာနှံ့အောင်လူးပေးပါ။ကြက်ဥထည့်လိုက်သည်နှင့်ကျက်နိုင်သည့်အနေအထားပူရပါမယ်။အိုးမပူပါကကြက်ဥအရည်ထည့်စဉ်အဝိုင်းအနေထားရရန်ခက်ပါတယ်။
(၂)ခေါက်ထားသောကြက်ဥကိုပုလင်းဖုံးတဖုံးစာခန့်ခပ်ပြီးအိုးထည်းသို့သာသာလေးအဝိုင်းပုံစံရအောင်ထည့်ပါ။
(၃)မီးကိုအတိုးလျော့လုပ်ပေးရပါမယ်။ (၄)ကြက်ဥအပေါ်မျက်နှာပြင်မခြောက်ခင် ကြက်သားကြော်ကိုဇွန်းသေးသေးဖြင့်ခပ်ထည့်ပြီးကြက်ဥအပြားလေးလခြမ်းပုံဖြစ်အောင်ကိုခေါက်ပေးပါ။ ကြက်ဥအတွင်းသားများကပ်သွားပါလိမ့်မယ်။ (၅)ကပ်သွားပါကကြက်ဥဖတ်ထုပ်အနားလေးကိုသာသာဖိပေးပြီး ဟိုဘက်ဒီဘက်လှန်ကြော်ပါ။ ကြက်ဥအကျက်လွန်လျှင်မကပ်ပါ။ မကပ်ပါက ကြက်ဥအရည်လေးဖြင့်တို့ပြီးကပ်ပေးနိုင်ပါတယ်။ (၆)ကြော်ပြီသားဖတ်ထုပ်လေးများကိုပန်းကန်တချပ်တွင်ထည့်ထားပါ။ဖက်ထုပ်ကြော်အဖြစ်တည်ခင်းရန်နှစ်သက်ရာဆော့စ်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
ကြက်ဥသုံးလုံးကိုဖတ်ထုပ်အခုနှစ်ဆယ်ပြုလုပ်နိုင်ပါတယ်။
ဖက်ထုပ်ပြုတ်ပြုလုပ်နည်း
******************
ဟင်းချိုကိုမိမိနှစ်သက်ရာပုံစံချက်နိုင်ပါတယ်။ဟင်းချိုအတွက်ကြက်ပြုတ်ရည်တည်ထားပါ။ဆူပွက်ပါက ပဲကြာဇံနဲ့ပဲရွက်ထည့်ပြီးကြက်ဥဖတ်ထုပ်လေးထည့်ပါ။ အရသာ ငံပြာရည် ခရုဆီ၊ ဆီမွေး၊ ကြက်သွန်ဖြူဆီ ချက်၊ ငရုပ်ကောင်းထည့်ပြီးဆူပွက်ပါကတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...