23 July 2015

ကြက်သားကြက်သွန်ဖြူငရုပ်ကောင်းဟင်း

ယိုးဒယားဟင်းတမျိုးဖြစ်တဲ့ကြက်သားကြက်သွန်ဖြူင၇ုပ်ကောင်းဟင်းဖြစ်ပါတယ်။ချက်၇လွယ်ကူပြီးအရသာထူးတဲ့ဟင်းလေးဖြစ်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*******
ကြက်သား - ၂၀၀ ဂ၇မ်
ကြက်သွန်ဖြူ - ဆယ်မြောင်း
င၇ုပ်ကောင်းစေ့ (အစိမ်း) - တစ်ဇွန်း စားပွဲဇွန်း
ယိုးဒယားငံပြာ၇ည် - တစ်ဇွန်း
ခ၇ုဆီ - တစ်ဇွန်း
ဟင်းခပ်မှုန့်သကြား - ဇွန်း တဝက်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)ကြက်သားကိုေ၇ဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။ကြက်သွန်ဖြူကိုဓားပြာ၇ိုက်ပြီးခပ်ကြမ်းကြမ်းစိတ်ထားပါ။ငရုပ်ကောင်းစေ့ကိုလုံးခြမ်းကွဲ၇ိုက်ထားပြီးကြက်သားကြက်သွန်ဖြူ၊ငရုပ်ကောင်းတို့ကိုပန်းကန်တွင်ထည့်ထားပါ။ငံပြာရည်၊ခ၇ုဆီ၊ဟင်းခပ်မှုန့်သကြားတို့ကိုထည့်ပါ။
(၂)ဒယ်အိုးကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာအသင့်ပြင်ဆင်ထားသည်တို့ကိုအားလုံးတပြိုင်တည်းချကြော်ပါ။မီးပြင်းဖြင့်ကြော်ပါ။လိုအပ်ပါကရေအနည်းငယ်ထည့်ပေးပြီးကြက်သားကျက်ပါကအရသာအပေါ့အငံမြည်းကာပန်းကန်တွင်ထည့်ပြီးနံနံပင်ဖြင့်အလှဆင်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...