23 July 2015

ကြက်ဟင်းခါးသီးအစာသွပ်

ကြက်ဟင်းခါးသီးကိုခါးလို့တချို့လည်းမကြိုက်ကြဘူး။ခါးလို့အခါးသက်သာအောင်နည်းအမျိုးမျိုးလုပ်ပြီးကြော်ကြချက်ကြပါတယ်။များသောအားဖြင့်တော့ခြောက်အောင်ကြော်ပြီးစားဖြစ်တယ်။ဒီတခါတော့အစာသွပ်ချက်ထားတာလေးမျှဝေပေးလိုက်ပါတယ်။ဒီချက်နည်းကအခါးဓာတ်တော်တော်လျော့သွားပါတယ်။တော်၇ုံအခါးမစားသူများလည်းနှစ်သက်ကြမယ်ထင်ပါတယ်။
ပါဝင်ပစ္စည်း
******
ကြက်ဟင်းခါးသီး - အကြီး ၂လုံး
ကြက်သွန်နီ - နှစ်လုံး
ခရမ်းချဉ်သီး - တစ်လုံး
ဂျင်းကြက်သွန်ဖြူ - ဇွန်းတဝက်
Sambal င၇ုပ်ဆော့ - တစ်ဇွန်း
(အစပ်မစားလျှင်အေ၇ာင်တင်မှုန့်အစားထိုးပါ။)
ဆား - အနည်းငယ်
ဟင်းခပ်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
သကြား - တစ်ဇွန်း
ဆီ - ၁၀၀ဂရမ်
ငရုပ်သီးစိမ်း
နံနံပင်
ကြက်သားအစာသွပ်ရန်အတွက်**
ကြက်သား- ၂၀၀ ဂရမ် (နှစ်သက်ရာအသား)
ဆား - လ္ဘက်ဇွန်း တဝက်
ဟင်းခပ်မှုန့် - ဇွန်း တဝက်
ပြောင်းဖူးမှုန့် - တစ်ဇွန်း
ငရုပ်ကောင်း - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်နည်း
************
(၁)ဦးစွာကြက်ဟင်းခါးသီးကိုအပေါ်ယံအခွံပါးပါးကိုလှီးထုတ်ပစ်ပါ။ပြီးလျှင်တစ်လက်မခွဲအကွင်းခန်းလှီးပြီးအစေ့ထုတ်ကာဆားေ၇ စိမ်ထားပါ။အနည်းဆုံးနာရီဝက်စိမ်ပါ။
(၂)ဆားေ၇စိမ်ထားစဉ်ကြက်သားအစာသွပ်အတွက်ပြင်ဆင်ပါ။ကြက်သားကိုကြိတ်ပြီးပါဝင်ပစ္စည်းများထည့်ကာနယ်ပေးပြီးေ၇ခဲသေတ္တာတွင်နပ်ထားပါ။
(၃)ဟင်းချက်ရန်အတွက်ကြက်သွန်၊ခရမ်းချဉ်သီးနှင့်င၇ုပ်သီးအနှစ်တို့ကိုပြင်ဆင်ထားပါ။
(၄)ဆားေ၇စိမ်ထားသောကြက်ဟင်းခါးသီးရပါကေ၇စစ်ထားပြီးနှပ်ထားသည့်အသားကိုအစာသွပ်ထားပါ။
(၅)ဒယ်အိုးထဲတွင်ဆီထည့်ပြီးကြက်သွန်ဆီသပ်ပါ။နွမ်းပြီးအရောင်ရပါကဂျင်းကြက်သွန်ဖြူထည့်ပါ။င၇ုပ်သီးအနှစ်သို့မဟုတ်အေ၇ာင်တင်မှုန့်ထည့်ပါ။ခရမ်းချဉ်သီးထည့်ပြီးအနှစ်ကျအောင်ချေပြီးချက်ပါ။
အရသာဖြည့်စွက်ပါ။
(၆)ကြက်သွန်ခရမ်းချဉ်သီးအနှစ်ကျကျေပါကအသင့်ပြုလုပ်ထားသောကြက်ဟင်းခါးသီးအစာသွပ်ထားသည်ကိုထည့်ပါ။အထပ်အောက်မွေပေးပြီးရေအနည်းငယ်ထည့်ကာအဖုံးအုပ်ပြီးအသားနှင့်ကြက်ဟင်းခါးသီးနူးအောင်တည်ထားပါ။
(၇)ကြက်ဟင်းခါးသီးနူးပါကအရသာအပေါ့အငံမြည်းပြီးင၇ုပ်သီးနှင့်နံနံပင်အုပ်ကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...