28 July 2015

Achar Nyonya Pickle

Achar (Nyonya Pickles)
Sweet, Sour and Spicy Pickled Vegetables
သီးစုံသနပ်
စင်္ကာပူမလေးရှားအင်ဒိုနီးရှားတွေမှာနာမည်ကြီးပြီးပြုလုပ်ရလွယ်ကူအနံ့အရသာနဲ့ပြည့်စုံလှတဲ့Nyonaလူမျိုးစုရဲ့Nyonya Acharသီးစုံသနပ်လေးဖြစ်ပါတယ်။တချို့ဆိုင်တွေမှာတော့အရံဟင်းအဖြစ်ပေးလေ့ရှိပြီးတချို့ဟင်းအစုံရောင်းတဲ့ထမင်းဆိုင်တွေမှာတော့သီးစုံသနပ်ကိုဟင်းတမယ်အဖြစ်ပါရောင်းလေ့ရှိပါတယ်။အရသာချိုချဉ်စပ်နဲ့ထူးခြားတဲ့ဟင်းစပ်ပစ္စည်းတွေကြောင့်မတူတဲ့အရသာပေးစွမ်းပြီးနှစ်သက်ကြမယ်ထင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
သခွားသီး - ၂လုံး
မုန်လာဥနီ - တစ်လုံး
ပန်းပွင့် - တခြမ်း
ပဲတောင့်ရှည် - ဆယ်တောင့်
မုန်ညင်းဖြူ - တခြမ်း (၂၅၀ဂရမ်)
ငရုပ်သီး - ၅တောင့်
နာနတ်သီး - တခြမ်း (ထည့်လိုကထည့်ပါ)
ဆား - တစ်ဇွန်း စားပွဲဇွန်း
ရေနွေးဖျောရန်
**********
ရေ - ၂လီတာ
ဗီနီကာ / ဆန်ဗီနီကာ/ပန်းသီးဗီနီကာ - ၃၀၀ml
ဆား - တစ်ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ငရုပ်သီးအနှစ်/ဟင်းစပ်ပစ္စည်း
********************
ကြက်သွန်နီဥသေး - ၁၂၀ဂရမ်
ကြက်သွန်ဖြူ - ၄မြောင်း
ငရုပ်သီးအနီအပွတောင့်ရှည်- ၁၀၀ ဂရမ်
ငရုပ်သီးခြောက် ( ရေစိမ်ပြီးသား ) - ၅၀ ဂရမ်
နနွင်းတက် - ၁၅ဂရမ်( အမှုန့် ၂ဇွန်း)
ငါးပိ - ၂၀ ဂရမ်
စပါးလင် - တစ်ချောင်း
Candlenuts - ၄လုံး (သီဟိုဠ်စေ့အစားထိုးနိုင်)
ဆီ - ၄ဇွန်း
အချဉ်ရေအရော
***********
ဗီနီကာ /ဆန်ဗီနီကာ/ပန်းသီးဗီနီကာ - ၅၀၀ml
သကြား - ၁၂၀ ဂရမ် (ရှစ်ဇွန်း)
ဆား - တစ်ဇွန်း စားပွဲဇွန်း
သီးသန့်ရောရန်
**********
မြေပဲထောင်း - ၃၀၀ ဂရမ်
နှမ်းလှော် - ၅၀ ဂရမ်
ကြက်သွန်ကြော် - ၅၀ဂရမ်
ပြင်ဆင်ပြုလုပ်နည်း
*************
(၁)ဦးစွာသခွားသီးကိုအစေ့ထုတ်ပြီးမထူမပါးခပ်စောင်းစောင်းလှီးထားပါ။မုန်လာဥကိုလည်းအရွယ်တူလှီးဖြတ်ထားပါ။မုန်လာဥနီနှင့်သခွားသီးထဲသို့ဆားတဇွန်းထည့်ပြီးသမအောင်ပြုလုပ်ပြီးမိနစ် ၃၀ခန့်ထားပါ။မိနစ်သုံးဆယ်ပြည့်ပါက အဝတ်တခုဖြင့်ထုပ်ပြီးအရည်များကိုညစ်ထုတ်ပစ်ပါ။
(၂)မုန်ညင်းဖြူ၊ပဲတောင့်ရှည်၊ပန်းပွင့်တို့ကိုအနေတော်အ ရွယ်တူလှီးဖြတ်ထားပါ။
(၃)အိုးတခုတွင်ရေ၊ဗီနီကာ၊သကြားနှင့်ဆားတို့ကိုထည့်ပြီး ဆူပွက်အောင်တည်ပါ။ဆူပွက်ပါကပန်းပွင့်၊ပဲသီးနှင့်မုန်ည င်းဖြူတို့ကိုတခုဆီ ထည့်ဖျောပြီးရေအေးတွင်စိမ်ထားပါ။အေးသွားပါကဆယ်ယူရေစစ်ပြီးရေခြောက်အောင်စက္ကူခင်းပြီးခဏဖြန့်ထားပေးပါ။
(၄)ရေခြောက်ပါကဇလုံကျယ်တခုတွင်မုန်လာဥ၊သခွားသီး နှင့်ရေနွေးဖျောထားသောသီးနှံတို့ကိုထည့်ပါ။
(၅)ငရုပ်သီးအနှစ်အတွက်ဆီမှအပကျန်ပါဝင်ပစ္စည်းများ အားလုံးကိုကြေညက်အောင်ကြိတ်ပါ။
(၆)ကြေညက်ပါကအိုးတခုတွင်ဆီထည့်ပြီးကြိတ်ထားသည့်ငရုပ်သီးအနှစ်ကိုဆီသပ်ပါ။ဆီသပ်နံ့မွေးလာပါကအချဉ်ရည်အရော(ဗီနီကာသကြားဆား)ကိုထည့်ပြီးဆူပွက်အောင်တည်ပါ။
(၇)ဆူပွက်ပါကမီးပိတ်ပြီးအသင့်ပြုလုပ်ထားသောသီးနှံဇလုံ တွင်လောင်းထည့်ပါ။(နာနတ်သီးထည့်လိုကထည့်ပါ)
(၈)ပြီးလျှင်မြေပဲထောင်း၊နှမ်း၊ကြက်သွန်ကြော်တို့ကိုထည့် ပါ။သမအောင်မွေကာလေလုံသောဘူးတွင်ထည့်ပြီးရေခဲေ သတ္တာတွင်တစ်ညထားပြီးနှစ်သက်ရာထမင်းဖြူ၊ပဲထမင်း၊ထောပတ်ထမင်းတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
***လေလုံသောဘူးဖြင့်ရေခဲသေတ္တာတွင်ထည့်ပြီး၂လမှ၃လကြာထိသိမ်းဆည်းထားနိုင်ပါတယ်။

1 comment:

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...