ရှမ်းမုန်ညင်းစောကိုတော့လူသိများကြပေမဲ့မျှစ်စောကိုသိသူနည်းပါတယ်။မျှစ်စောကိုငယ်ငယ်ကရှမ်းပြည်မြောက်ပိုင်းဇာတိမြို့မှာအိမ်နီးချင်းရှမ်းပလောင်အန်တီကြီးတစ်ယောက်ရောင်းပါတယ်။အသုပ်မျိုးစုံကိုဘမ်းထဲမှာလှလှပပပြင်ဆင်ပြီးမုန်ညင်းစော၊မျှစ်စောတို့ဖြင့်တွဲရောင်းတာပါ။မျှစ်စောမှာရှမ်းဟင်းတို့ထုံးစံအတိုင်းဆီမပါပါဘူး။စပ်ရှိန်းရှိန်းနဲ့ငရုပ်သီးခရမ်းချဉ်သီးအရသာကိုသာဦးစားပေးချက်ထားတာလေးဖြစ်ပါတယ်။နှစ်သက်သူများဖို့ချက်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
မျှစ်ပြုတ် - ၅၀၀ ဂရမ်
ခရမ်းချဉ်သီး - ၂လုံး
ငရုပ်သီးအပွရှည်တောင့် အစိမ်းအနီ - ၆တောင့်
ကြက်သွန်ဖြူ - ၅ မြောင်း
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဟင်းခပ်မှုန့် - အနည်းငယ်
နံနံပင် - အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
***********
(၁)အိုးတခုတွင်မျှစ်ကိုရေဆေးပြီးခပ်ကြီးကြီးစိတ်ထည့်ပါ။ခရမ်းချဉ်သီးကိုချေထည့်ပါ။ငရုပ်သီးစိမ်းကိုထပ်ခြမ်းခြမ်းထည့်ပါ။ကြက်သွန်ဖြူကိုရိုက်ပြားထည့်ပါ။
(၂)ေ၇ကိုမြုတ်ရုံထည့်ပြီးမီးဖိုပေါ်တွင်ဆူပွက်သည်ထိတည်ပေးပါ။ဆူပွက်ပါကအရသာဖြည့်စွက်ပြီးမီးလျော့ကာနူးအိသည်ထိတည်ပေးပါ။
(၃)မျှစ်များနူးအိလာပါကအရသာအပေါ့အငံမြည်းပြီးနံနံပင်ထည့်ကာစပ်ရှိန်းရှိန်းမျှစ်စောလေးကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
23 July 2015
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment