23 July 2015

Gado-gado

အင်ဒိုနီးရှားအသုပ်
အင်ဒိုနီးရှားအစားအစာတခုဖြစ်တဲ့Gado-gadoကိုဟို သည်ဘူေ ဖးတွေမှာလည်းတည်ခင်းလေ့ရှိသလိုအင်ဒိုနီးရှားစားသောက်ဆိုင်တွေမှာလည်းမပါမဖြစ်အဓိကအမယ်အဖြစ်ရောင်းချလေ့ရှိပါတယ်။ဒီချက်နည်းလေးကိုစင်္ကာပူနိုင်ငံက Indonesian တယော က်ကသင်ပေးထားတာပါ။ဒီPageလေးကနေချက်နည်းလေးတွေမျှဝေပေးနေတာသိတဲ့အန်တီနဲ့အန်ကယ်လ်ကအမြဲဆိုသလိုဟင်းအရသာအသစ်လေးတွေချက်ပြမြည်းခိုင်းပြီးလိုက်လုပ်ဖို့စေတနာအပြည့်နဲ့သင်ပေးကြတယ်။နိုင်ငံဒေသတခုရဲ့ရိုးရာအစားအစာတွေကိုသင်ယူမိသမျှတွေလည်းဒီကဘဲပြန်လည်မျှဝေပေးပါတယ်။စိတ်ဝင်စားလို့လိုက်ချက်စားဖြစ်သည်ဖြစ်စေ၊မချက်စားဖြစ်လည်းအသိတခုဗဟုသုတတခုရစေချင်တာပါဘဲ။ထူးဆန်းတဲ့ဟင်းအမယ်တခုမဟုတ်ပေမဲ့နိုင်ငံတခုရဲ့ရိုးရာအစားအစာကိုယ်နိုင်ငံကိုယ့်အစားအစာနဲ့ မတူညီကွဲပြား တာလေးတွေ သိရှိနိုင်ဖို့ပြန်လည်မျှဝေပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
သခွားသီးစိမ်း
နာနတ်သီး
စိမ်းစားဥ
ပဲပြားကြော်
ကြက်ဥပြုတ်
အာလူးပြုတ်
ဆန်ကိတ် (ဆန်ကိုဖက်ဖြင့်ထုပ်ပြီးကျစ်ခဲနေအောင်ပြုတ်ထားသောRice Cake)
မုန်လာဥနီ
ပင်ပင်ပေါက်
ကန်စွန်းရွက်
ပန်းပွင့်
ပဲတောင့်ရှည်
ငါးမုန့်ကြော်(Fish/Prawn/Vegetable Cracker)
မြေပဲဆော့စ်
မြေပဲဆော့စ်ပြုလုပ်နည်း
****************
ပါဝင်ပစ္စည်း
*********
မြေပဲထောင်း - ၃၀၀ ဂရမ်
စပါးလင် -၄ချောင်း
ကြက်သွန်ဖြူ - ၃ မြောင်း
ကြက်သွန်ဥသေး - ၂လုံး
ငရုပ်သီးခြောက် - ၈တောင့်
ပဒဲကော - ၃ပြား
ရေ - ၄၀၀ ml
သကြား - ၆၀ဂရမ်
ဆား - အနည်းငယ်
မန်ကျည်းမှည့်အနှစ် - တစ်ဇွန်းစားပွဲဇွန်း
မြေပဲဆော့စ်လုပ်နည်း
***************
(၁)စပါးလင်၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုပ်သီးခြောက်(ရေစိမ်ထား)ပဒဲကောတို့ကိုကြေညက်အောင်ကြိတ်ထားပါ။
(၂)လက်ကိုင်အိုးတခုဖြင့်ကြိတ်ထားသည်တို့ကိုထည့်ပြီးအပူပေးပါ။အိုးမကပ်အောင်မွေပေးပါ။
(၃)အနည်းငယ်ခြောက်ပြီးမွေးလာပါကရေနှင့်မန်ကျည်းမှည့်ထည့်ပါ။အရသာဆားသကြားဖြည့်စွက်ပါ။
(၄)ဆူပွက်ပါကမြေပဲထောင့်ထည့်ပြီးအနည်းငယ်ပျစ်အောင်တည်ပေးပြီးအရသာအပေါ့အငံမြည်းကာသုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။
Gado-gado ပြင်ဆင်နည်း
*****************
(၁)အစိမ်းစားနိုင်သည့်သခွားသီး၊နာနတ်သီး၊စိမ်းစားဥတို့ကိုလှီးဖြတ်ပြီးတစ်ပန်းကန်စီထားပါ။
(၂)ကြက်ဥ၊အာလူးတို့ကိုပြုတ်ပြီးလှီးဖြတ်ထားပါ။ဆန်ကိတ်ကိုအတုံးလှီးထားပါ။
(၃)ပဲပြားကြော်ထားပါ။ကျန်သီးနှံများအားလုံးကိုရေနွေးေ ဖျာရေအေးစိမ်ကာဆယ်ယူရေစစ်ပြီးတစ်ပန်းကန်ဆီစီရီထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကသုံးဆောင်မည့်ပန်းကန်တွင်သီးနှံ၊ကြက်ဥ၊ဆန်ကိတ်တို့ကိုလိုသလိုထည့်ပြီးအပေါ်မှမြေ ပဲဆော့စ်ဆမ်းကာငါးမုန့်ကြွပ်ကြော်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...