12 July 2015

ဆိတ်သားနှပ်

Mutton Curry
ဆိတ်သားဟင်းကောင်းကောင်းချက်ဖို့အရေးကြီးဆုံးကအညှီနံ့ပျောက်အောင်လုပ်နိုင်ဖို့ဘဲဖြစ်ပါတယ်။တခါတခါမှာဆိတ်သားရဲ့ညှီတဲ့အနှံ့ကြောင့်အနားကိုမကပ်နိုင်တဲ့ဟင်းတွေလည်းကြုံဖူးကြမယ်ထင်ပါတယ်။ဆိုဖီယာရဲ့ဆိတ်သားနှပ်ချက်နည်းလေးနဲ့ချက်ကြည့်ရအောင်နော် ။
ပါဝင်ပစ္စည်း
******
ဆိတ်သား - တစ်ကီလို
ကြက်သွန်ကြော် - ၁၀၀ ဂရမ်
ဒိန်ချဉ် - ရေနွေးပန်းကန်တလုံး
ရှာလကာရည် - ရေနွေးကြမ်းခွက် တစ်ခွက် (ဆေးရန်)
ဂျင်းကြက်သွန်ဖြူ - ၂ဇွန်း
နနွင်းမှုန့် - တစ်ဇွန်းလ္ဘက်ဇွန်း
ဆီ - ၁၀ကျပ်သား
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဇီယာ - တစ်ဇွန်း
နံနံပင် - အနည်းငယ်
(၁) ဆိတ်သားကိုလိုသလိုလှီးဖြတ်ပြီးရှာလကာရည် သို့ မန်ကျည်းမှည့်ရည်ဖြင့်နယ်ပြီး အနည်းဆုံးအးမိနစ် ၃၀ ခန့်ထားပါ။ အညှီနှံ့ပျောက်စေရန် ။ပြီးလျှင် ရေစင်အောင်ဆေးချပါ။
(၂)ကြက်သွန်ကြော်၊ဒိန်ချဉ်၊ဂျင်းကြက်သွန်ဖြူ၊နနွင်း၊ဆား၊ဟင်းခပ်မှုန့်တို့ကိုထည့်ပြီးသမအောင်မွေပေးပြီးအရသာဝင်အောင်၁၅မိနစ်ခန့်နှပ်ထားပါ။(ဆိုဖီယာတော့ခုလိုအတုံးကြီးကြီးချက်တဲ့ခါကျရင် တရက်ကြိုနှပ်ထားပါတယ်။အတုံးကြီးချက်တဲ့အသားဟင်းတိုင်းကိုလည်းဒိန်ချဉ်သုံးပါတယ်။ဒိန်ချဉ်ကြောင့်ဟင်းရဲ့အရသာပိုကောင်းသလိုအမြန်လည်းနူးအိပါတယ်။းအသားများကြေသွားခြင်းလည်းမရှိနိုင်လို့ပါ။)
(၃)အိုးထည်းတွင်ဆီထည့်ပြီးအပူပေးကာနှပ်ထာသည့်အသားကိုထည့်ကြော်ပါ။အသားမှထွက်လာသောရည်များခမ်းသည်ထိကြော်ပေးပါ။
(၄)ပြီးလျှင်ရေအနည်းငယ်ဆီထည့်ပြီးအသားနူးသည်ထိမီးအသေးဆုံးဖြင့်တည်ပေးပါ။မကြာမကြာမွေပေးပါ။
(၅)အသားနူးလာပါကဇီယာမှုန့်ထည့်ပြီးသမအောင်မွေပြီးဆီပြန်လာအောင်ထားပါ။
(၆) အသားနူးအိဆီပြန်လာပါကနံနံပင်အုပ်ကာတည်ခင်းသုံးဆောင် နိုင်ပါပြီ။

3 comments:

  1. This comment has been removed by a blog administrator.

    ReplyDelete
    Replies
    1. ​ဆောရီးပါ မ​တော်​တဆ နှိပ်​မိလို့ Remove ဖြစ်​သွားတယ်​ :'(

      Delete
  2. ကိစ္စမရှိပါဘူး။
    ကိုယ်ဆိုဖီယာ့နည်းနဲ့ မနေ့ ကဆိတ်သားချက်နေတယ်လို့ ရေးထားတာ။
    ခုကိုယ်ချက်စားတာကောင်းတယ်လို့ လာပြောတာ။
    ချက်လည်းချက် အလျဉ်မှီလည်းတင်ပေးနိုင်တဲ့ ဆိုဖီယာ့ကိုတော့ မချီးမွမ်းပဲမနေနိုင်ဘူးကွယ်။း)
    မမအိုင်အိုရာ

    ReplyDelete

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...