13 July 2015

ငါးသလောက်အစပ်ပေါင်း

ပါဝင်ပစ္စည်း
******
ငါးသလောက် - တစ်ကောင်
ကြက်သွန်နီ - ၅ လုံး
ကြက်သွန်ဖြူ - ဆယ်မြောင်း
ဂျင်း - တတက်
နနွင်း - လ္ဘက်ဇွန်း တစ်ဇွန်း
ဆား - လိုသလောက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ရှာလကာရည် - ရေနွေးပန်းကန်တလုံး
ငရုပ်သီးခြောက် - ဆယ်တောင့်
ဆီ - လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း
**********
(၁)ငါးသလောက်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ကာ၊ဆား၊ဟင်းခပ်မှုန့်၊နနွင်း၊ဂျင်းထောင်းတဝက်၊ကြက်သွန်ဖြူ ငါးမြောင်း၊ကြက်သွန်နီ ၃လုံးခြမ်းပြီးထည့်ပြီးနှယ်ထားပါ။
(၂)အရသာနယ်ပြီးပါကထမင်းပေါင်းအိုးထဲထည့်ကာရေဖုံးအာင်ထည့်ပြီးတည်ထားပါ။
(၃)ရေခမ်းပါကအရိုးနူးမနူးကြည့်ပါ။မနူးသေးပါကရေထပ်ဖြည့်ပြီးတည်ထားပါ။
(၄)ရေခမ်းခါနည်းအရိုးနူးပြီဆိုပါကကျန်လက်ကျန်ကြက်သွန်နှစ်လုံးကိုပါးပါးစိတ်၊ကြက်သွန်ဖြူ၅မြောင်းကိုထောင်းထားပါ။ငရုပ်သီးခြောက်ကိုရေစိမ်ပြီးထောင်းထားပါ။
(၅)အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်းလက်ကျန်တဝက်နှင့်ငရုပ်သီးထောင်းထားသည်တို့ကိုဆီသပ်ပြီးဆားနှင့်ဟင်းခပ်မှုန့်အနည်းငယ်ထည့်ပါ။ပြီးလျှင်ငါးသလောက်ပေါင်းအိုးထည်းသို့ရောထည့်ပါ။ဆီပြန်သည်ထိတည်ပေးပြီးအရသာအပေါ့အငန်မြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ငါးသလောက်ပေါင်းကိုတချို့လည်းစပါးလင်ခင်း၊ကြံခင်းပြီးပေါင်းကြပါတယ်။နှစ်သက်ရာနည်းဖြင့်ပေါင်းနိုင်ပါတယ်။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...