12 July 2015

ကြက်သားအာလူးဟင်း

Curry Chicken with Potato
မထူးဆန်းတဲ့ကြက်သားနှပ်လေးပါ။အိမ်တိုင်းမှာတော့မတူညီတဲ့ကြက်သားဆီပြန်ဟင်းချက်နည်းလေးတွေရှိကြမှာပါ။ ဒီကSofia ရဲ့ချက်နည်းလေးကိုလည်းဝေမျှပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
*******
ကြက် - တစ်ကောင်
ကြက်သွန်နီကြော် - ၁၀၀ဂရမ်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း စားပွဲတင်ဇွန်း
နနွင်း - အနည်းငယ်
ဒိန်ချဉ် - ဘူးသေးတစ်ဘူး
ဆား - တစ်ဇွန်း စားပွဲတင်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
အရောင်တင်မှုန့် - ဇွန်းတဝက်
ဇီယာမှုန့် - တစ်ဇွန်း
ဆီ - ၁၅၀ ဂရမ်
အာလူး - တစ်ကီလို (ရောလိုက)
(၁)ကြက်သားကိုလိုသလိုခုတ်ထစ်ပြီးရေဆေးသန့်စင်ထားပါ။
(၂)ဇလုံတခုတွင်သန့်စင်ပြီးကြက်သားကိုထည့်ကာ ဆား ၊ဟင်းခပ်မှုန့်၊ကြက်သွန်ကြော်၊ဒိန်ချဉ်၊နနွင်း၊ဂျင်းကြက်သွန်ဖြူတို့ကိုထည့်ပြီးသမအောင်မွေပြီးတနာရီခန့်ရေခဲသေတ္တာတွင်နှပ်ထားပါ။
(၃)အိုးတခုတွင်ဆီထည့်ပြီးအရောင်တင်ဆီသပ်ကာနှပ်ထားပြီးသောကြက်သားကိုထည့်ကြော်ပါ။ကြက်သားမှထွက်လာသောရေခမ်းသည်ထိမွေပေးပါ။
(၄)ထွက်လာသောရေခမ်းလျှင်ရေအနည်းငယ်ဆီထည့်ပြီးကြက်သားနူးသည်ထိတည်ပေးပါ။
(၅)အာလူးရောလိုပါကအာလူးကိုအခွံသင်ပြီးခပ်ကြီကြီးစိတ်ကာဆားအနည်းငယ်လူးထားပြီးဆီပူတွင်အရောင်အနည်းငယ်ရသည်ထိချကြော်ထားပါ။
(၆)ကြက်သားနူးခါနီးလျှင်ကြော်ထားသောအာလူးကိုရောပါ။
(၇)ဇီယာမှုန့်ထည့်ပြီးသမအောင်မွေပေးပါ။အာလူးနူးအိပြီးဆီပြန်လာလျှင်အရသာအပေါ့အငန်မြည်းကာမီးဖိုမှချပြီးနံနံပင်အုပ်၍တည်ခင်းသုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...