18 July 2017

ကြက်သားသစ်အယ်သီးကြော်

Fried Chicken with Chestnut
ပန်းသေးရိုးရာကြက်သားသစ်အယ်သီးကြော်ဟ
င်းလေးဖြစ်ပါတယ်။ခွာရန်အနည်းငယ်လက်ဝင်သော်လည်းအသစ်အဆန်းဟင်းတခွက်တည်ခင်းနိုင်မှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကြက်သား - ၃၀၀ ဂရမ်
ကြက်သွန်နီ - အနေတော် ၂လုံး
သစ်အယ်သီး - တစ်ပန်းကန်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျူးမိတ်/ကြက်သွန်မိတ် - အနည်းငယ်
တရုတ်မဆလာ - တစ်ဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊တရုတ်မဆ လာထည့်ပြီးနယ်ထားပါ။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ကြက်သွန်မိတ်ဂျူးမိတ်လက်တစ်ဆစ်လှီးထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပြီးကြက်သားထည့်ကြော်ပါ။
5.အသားကျက်ပါကသစ်အယ်သီးပြုတ်ခွာပြီးသားထည့်ပါ။
အရသာအပေါ့အငံမြည်းကာကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...