18 July 2017

ကြက်သားကြာဇံဆီချက်

ကြာဇံဆီချက်ကပြုလုပ်ရလွယ်ကူပြီးအဆာပြေစာအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ပြုလုပ်နည်းများတယောက်နှင့်တယောက်အနည်းငယ်ကွဲပြားနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ဆန်ကြာဇံ  - တထုပ် (၄၀၀ ဂရမ်)
ကြက်သား -တစိတ်
ကြက်သွန်ဖြူဆီချက် - တစ်ပန်းကန်
နှမ်းနဲ့ဟွားကျောက်ဆီချက်- တစ်ပန်းကန်
အချို့မှုန့်သကြား
ဆားရည်
ပဲငံပြာရည် အကြည်
မြေပဲထောင်း
ငရုပ်သီးဆီချက်
ကြက်သွန်နီကြော်
ကြက်သွန်မိတ်
နံနံမိတ်
သံပုရာသီး/နှစ်သက်ရာအချဉ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဆန်ကြာဇံကိုရေတနာရီခန့်ကြိုစိမ်ထားပါ။
2.လိုအပ်သောပါဝင်ပစ္စည်းများကိုပြင်ဆင်ပါ။ကြက်သားကိုနှစ်သက်သလိုလှီးဖြတ်ပြီးပြုတ်သို့ကြော်ထားပါ။
3.ဆီချက်ပြင်ဆင်ရန်အတွက်ကြာဇံကိုရေနွေးဆူတွင်ပျော့အောင်ပြုတ်ကာပန်းကန်တွင်ထည့်ပြီးသကြားအချိုမှုန့်အရောလ္ဘက်ရည်ဇွန်းတဇွန်း၊  ဆားရည်တဇွန်း၊ ပဲငံပြာရည်တဇွန်း ၊ ကြက်သွန်ဖြူ ဆီချက်တဇွန်း၊နှမ်းဆီချက်တဇွန်းထည့်ပြီးမွေပေးပါ ။ 4.အရသာအပေါ့ငန်မြည်းကာလိုအပ်ပါကထပ်မံဖြည့်စွက်ပေးပါ။
5.ပြီးလျှင်အပေါ်မှကြက်သား၊မြေပဲထောင်း၊ငရုပ်သီးဆီချက်ကြက်သွန်မိတ်နံနံမိတ်ကြက်သွန်နီကြော်ဖြူးကာနှစ်သက်ရာအချဉ်တွဲဖက်ဟင်းချိုရည်ကိုကြက်ပြုတ်ရည်ဟင်းချိုတို့ဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ။
❀နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်
နှမ်းလှော် တစ်ပန်းကန်
ဟွားကျောက်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီပူ - တစ်ပန်းကန်
ပြုလုပ်ပုံ
******
နှမ်းလှော်ကိုထောင်းပြီးစတီးသို့မဟုတ်ကြွေပန်းကန်တွင်ထည့်ပါ။
#ဟွားကျောက်>>ဇီချွမ်းငရုတ်ကောင်းကိုလှော်ပြီးထောင်းထားပါ။
နှမ်းလှော်ထောင်းတစ်ပန်းတွင်ဟွားကျောက်မှုန့် တစ်ဇွန်းထည့်ပါ။
မီးဖိုပေါ်တွင်ဆီတစ်ပန်းကန်စာအပူပေးပြီးအနည်းငယ်ကျွမ်းအောင်တည်ထားပါ။
ဆီပူပါကနှမ်းလှော်ထောင်းနှင့်ဟွားကျောက်အရောပန်းကန်တွင်လောင်းထည့်ပြီးအဖုံးအုပ်ထားပါ။၅မိနစ်ခန့်တွင်သုံးရန်အသင့်ဖြစ်ပါပြီ။
နှမ်းထောင်းနှင့်ဟွားကျောက်ကိုမရောဘဲသီးသန့်ဆီလည်းပြုလုပ်နိုင်ပါတယ်။
................
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...