18 July 2017

ကြေးအိုးဆီချက်

ကြေးအိုးကိုလူုကြီးလူငယ်အရွယ်မရွေးနှစ်သက်ကြမယ်ထင်ပါတယ်။အာဟာရလည်းဖြစ်သလိုပြုလု ပ်ရလွယ်ကူပြီးပေါ့ပေါ့ပါးပါးနဲ့ညစာအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ကြေးအိုးဆီချက်ပြုလုပ်နည်းမှာကြေးအိုးပြုလုပ်နည်းနှင့်အတူတူပင်ဖြစ်ပြီးနောက်ဆုံးတွင်ဇကာဖြင့်စစ်ပြီးဆီချက်သုပ်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်ရိုးပြုတ်ရည် - တစ်အိုး
ကြက်သားလုံး - ၅လုံး
ဆန်ကြာဇံ သို့ ဆန်ပြားခေါက်ဆွဲ
မုန်ညင်းဖြူ သို့ မုန်ညင်းစိမ်း
ရွှေပဲသီး/ပန်းပွင့်
မုန်လာဥနီ
ငုံးဥ
ငါးဖယ်လုံး
ဆား
ဟင်းခပ်မှုန့်
သကြား
ကြက်သွန်ဖြူဆီချက်(optional)
ငရုပ်ကောင်း
တွဲဖက်စားရန်ဆော့စ်
ပြင်ဆင်ပြုလုပ်နည်း
***********
1.ကြေးအိုးပြုလုပ်ရန်အတွက်ဦးစွာပထမကြက်ရိုးပြုတ်ရေကောင်းကောင်းလိုအပ်ပါတယ်။ကြက်ရိုးပြုတ်ရည်ပြုလုပ်ရန်ကြက်ရိုးကိုရေဆေးသန့်စင်ထားပါ။အိုးတခုတွင်ရေဆူတည်ပြီးဆူပွက်ပါကကြက်ရိုးကိုထည့်ပြီး၂မိနစ်ခန့်တည်ပြီးအထက်အောက်မွေပေးကာအရိုးများကိုဆယ်ထုတ်ယူပါ။နောက်အိုးတခုတွင်ရေနွေးဖျောထားသောကြက်ရိုးများထည့်ကာလိုအပ်သောရေပမာဏထည့်ပါ။ဂျင်းအနည်းငယ်ထုထည့်ပါ။မုန်လာဥအဖြူရှိလျှင်ထည့်ပြီးဆူပွက်အောင်တည်ပါဆူပွက်ပါကမီးကိုအသေးဆုံးထိလျော့ချပြီးမီးအေးအေးဖြင့်၃နာရီခန့်တည်ပေးပါ။အပေါ်ယံတက်လာသောအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။မီးပြင်းဖြင့်ဆူပွက်အောင်မတည်ရပါ။ကြက်ပြုတ်ရည်များဖြူဖွေးပြီးနောက်သွားတတ်ပါတယ်။
2.ကြက်ရိုးပြုတ်ရည်အစားကြက်သားတုံးများကိုအသုံးပြု၍လည်းကြက်ရိုးပြုတ်ရည်အဖြစ်သုံးနိုင်ပါတယ်။
3.ကြက်ပြုတ်ရည်တည်ထားစဉ်ကြေးအိုးပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများကိုပြင်ဆင်ထားပါ။
4.ကြာဇံကိုတနာရီခန့်ရေစိမ်ထားပါ။မုန်ညင်း၊ရွှေပဲ၊မုန်လာဥ၊ငါးဖယ်လုံးတို့ကိုလှီးဖြတ်ထားပါ။ငုံးဥပြုတ်ထားပါ။ကြက်သားကိုနုတ်နုတ်စင်းကာဆားဟင်းခပ်မှုန့်ကော်မှုန့်ထည့်ပြီးသမအောင်မွေကာအလုံးလေးများလုပ်ထားပါ။
5.အားလုံးအဆင်သင့်ဖြစ်ပါကစားခါနည်းမှသာကြေးအိုးချက်ပါမယ်။ကြေးအိုးချက်ရန်အိုးသေးသေးတခုတွင်ကြက်ရိုးပြုတ်ရည်တစ်ပွဲစာထည့်ပါ။ကြက်သားနှင့်ကြာဇံထည့်ပြီးဆူပွက်အောင်တည်ပါ။ဆား၊သကြားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။ကြာဇံနူးပါကမုန်ညင်းမုန်လာဥရွှေပဲငါးဖယ်လုံးငုံးဥပြုတ်တို့ကိုထည့်ပါ။ဆန်ပြားခေါက်ဆွဲဖြင့်စားလိုပါကဆန်ပြားကိုပန်းကန်တွင်ထည့်ထားပါ။
6.အရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်တည်ခင်းကာကြက်သွန်ဖြူဆီချက်နှင့်ရုပ်ကောင်းမှုန့်ဖြူးပြီးဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
7.ကြေးအိုးဆီချက်ပြုလုပ်ရန်ကြေးအိုးတည်ပြီးပါကဇကာဖြင့်စစ်ယူပြီးကြက်သွန်ဖြူဆီချက်၊ဟင်းခပ်မှုန့်သကြားနှင့်လိုအပ်ပါကဆားရည်အနည်းငယ်ထည့်ပြီးသမအောင်မွေပေးကာဆော့စ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...