Fried Chicken with Chestnut
ပန်းသေးရိုးရာကြက်သားသစ်အယ်သီးကြော်ဟ
င်းလေးဖြစ်ပါတယ်။ခွာရန်အနည်းငယ်လက်ဝင်သော်လည်းအသစ်အဆန်းဟင်းတခွက်တည်ခင်းနိုင်မှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်ကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကြက်သား - ၃၀၀ ဂရမ်
ကြက်သွန်နီ - အနေတော် ၂လုံး
သစ်အယ်သီး - တစ်ပန်းကန်
ဂျင်းကြက်သွန်ဖြူထောင်း - တစ်ဇွန်း လ္ဘက်ဇွန်း
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဂျူးမိတ်/ကြက်သွန်မိတ် - အနည်းငယ်
တရုတ်မဆလာ - တစ်ဇွန်း
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်ပုံ
************
1.ဦးစွာပထမအသားကိုသေးသေးစိတ်ကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊တရုတ်မဆ လာထည့်ပြီးနယ်ထားပါ။
2.ကြက်သွန်နီမထူမပါးလှီးထားပါ။ကြက်သွန်မိတ်ဂျူးမိတ်လက်တစ်ဆစ်လှီးထားပါ။
3.အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။
4.ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပြီးကြက်သားထည့်ကြော်ပါ။
5.အသားကျက်ပါကသစ်အယ်သီးပြုတ်ခွာပြီးသားထည့်ပါ။
အရသာအပေါ့အငံမြည်းကာကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးမီးဖိုမှချကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
.........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
18 July 2017
ကြက်သားကြာဇံဆီချက်
ကြာဇံဆီချက်ကပြုလုပ်ရလွယ်ကူပြီးအဆာပြေစာအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ပြုလုပ်နည်းများတယောက်နှင့်တယောက်အနည်းငယ်ကွဲပြားနိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ဆန်ကြာဇံ - တထုပ် (၄၀၀ ဂရမ်)
ကြက်သား -တစိတ်
ကြက်သွန်ဖြူဆီချက် - တစ်ပန်းကန်
နှမ်းနဲ့ဟွားကျောက်ဆီချက်- တစ်ပန်းကန်
အချို့မှုန့်သကြား
ဆားရည်
ပဲငံပြာရည် အကြည်
မြေပဲထောင်း
ငရုပ်သီးဆီချက်
ကြက်သွန်နီကြော်
ကြက်သွန်မိတ်
နံနံမိတ်
သံပုရာသီး/နှစ်သက်ရာအချဉ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ဆန်ကြာဇံကိုရေတနာရီခန့်ကြိုစိမ်ထားပါ။
2.လိုအပ်သောပါဝင်ပစ္စည်းများကိုပြင်ဆင်ပါ။ကြက်သားကိုနှစ်သက်သလိုလှီးဖြတ်ပြီးပြုတ်သို့ကြော်ထားပါ။
3.ဆီချက်ပြင်ဆင်ရန်အတွက်ကြာဇံကိုရေနွေးဆူတွင်ပျော့အောင်ပြုတ်ကာပန်းကန်တွင်ထည့်ပြီးသကြားအချိုမှုန့်အရောလ္ဘက်ရည်ဇွန်းတဇွန်း၊ ဆားရည်တဇွန်း၊ ပဲငံပြာရည်တဇွန်း ၊ ကြက်သွန်ဖြူ ဆီချက်တဇွန်း၊နှမ်းဆီချက်တဇွန်းထည့်ပြီးမွေပေးပါ ။ 4.အရသာအပေါ့ငန်မြည်းကာလိုအပ်ပါကထပ်မံဖြည့်စွက်ပေးပါ။
5.ပြီးလျှင်အပေါ်မှကြက်သား၊မြေပဲထောင်း၊ငရုပ်သီးဆီချက်ကြက်သွန်မိတ်နံနံမိတ်ကြက်သွန်နီကြော်ဖြူးကာနှစ်သက်ရာအချဉ်တွဲဖက်ဟင်းချိုရည်ကိုကြက်ပြုတ်ရည်ဟင်းချိုတို့ဖြင့်တွဲဖက်သုံးဆောင် နိုင်ပါပြီ။
❀နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်
နှမ်းလှော် တစ်ပန်းကန်
ဟွားကျောက်မှုန့် - တစ်ဇွန်း စားပွဲဇွန်း
ဆီပူ - တစ်ပန်းကန်
ပြုလုပ်ပုံ
******
နှမ်းလှော်ကိုထောင်းပြီးစတီးသို့မဟုတ်ကြွေပန်းကန်တွင်ထည့်ပါ။
#ဟွားကျောက်>>ဇီချွမ်းငရုတ်ကောင်းကိုလှော်ပြီးထောင်းထားပါ။
နှမ်းလှော်ထောင်းတစ်ပန်းတွင်ဟွားကျောက်မှုန့် တစ်ဇွန်းထည့်ပါ။
မီးဖိုပေါ်တွင်ဆီတစ်ပန်းကန်စာအပူပေးပြီးအနည်းငယ်ကျွမ်းအောင်တည်ထားပါ။
ဆီပူပါကနှမ်းလှော်ထောင်းနှင့်ဟွားကျောက်အရောပန်းကန်တွင်လောင်းထည့်ပြီးအဖုံးအုပ်ထားပါ။၅မိနစ်ခန့်တွင်သုံးရန်အသင့်ဖြစ်ပါပြီ။
နှမ်းထောင်းနှင့်ဟွားကျောက်ကိုမရောဘဲသီးသန့်ဆီလည်းပြုလုပ်နိုင်ပါတယ်။
................

ကြေးအိုးဆီချက်
ကြေးအိုးကိုလူုကြီးလူငယ်အရွယ်မရွေးနှစ်သက်ကြမယ်ထင်ပါတယ်။အာဟာရလည်းဖြစ်သလိုပြုလု ပ်ရလွယ်ကူပြီးပေါ့ပေါ့ပါးပါးနဲ့ညစာအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။ကြေးအိုးဆီချက်ပြုလုပ်နည်းမှာကြေးအိုးပြုလုပ်နည်းနှင့်အတူတူပင်ဖြစ်ပြီးနောက်ဆုံးတွင်ဇကာဖြင့်စစ်ပြီးဆီချက်သုပ်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက်ရိုးပြုတ်ရည် - တစ်အိုး
ကြက်သားလုံး - ၅လုံး
ဆန်ကြာဇံ သို့ ဆန်ပြားခေါက်ဆွဲ
မုန်ညင်းဖြူ သို့ မုန်ညင်းစိမ်း
ရွှေပဲသီး/ပန်းပွင့်
မုန်လာဥနီ
ငုံးဥ
ငါးဖယ်လုံး
ဆား
ဟင်းခပ်မှုန့်
သကြား
ကြက်သွန်ဖြူဆီချက်(optional)
ငရုပ်ကောင်း
တွဲဖက်စားရန်ဆော့စ်
ပြင်ဆင်ပြုလုပ်နည်း
***********
1.ကြေးအိုးပြုလုပ်ရန်အတွက်ဦးစွာပထမကြက်ရိုးပြုတ်ရေကောင်းကောင်းလိုအပ်ပါတယ်။ကြက်ရိုးပြုတ်ရည်ပြုလုပ်ရန်ကြက်ရိုးကိုရေဆေးသန့်စင်ထားပါ။အိုးတခုတွင်ရေဆူတည်ပြီးဆူပွက်ပါကကြက်ရိုးကိုထည့်ပြီး၂မိနစ်ခန့်တည်ပြီးအထက်အောက်မွေပေးကာအရိုးများကိုဆယ်ထုတ်ယူပါ။နောက်အိုးတခုတွင်ရေနွေးဖျောထားသောကြက်ရိုးများထည့်ကာလိုအပ်သောရေပမာဏထည့်ပါ။ဂျင်းအနည်းငယ်ထုထည့်ပါ။မုန်လာဥအဖြူရှိလျှင်ထည့်ပြီးဆူပွက်အောင်တည်ပါဆူပွက်ပါကမီးကိုအသေးဆုံးထိလျော့ချပြီးမီးအေးအေးဖြင့်၃နာရီခန့်တည်ပေးပါ။အပေါ်ယံတက်လာသောအညစ်အကြေးများကိုခပ်ထုတ်ပေးပါ။မီးပြင်းဖြင့်ဆူပွက်အောင်မတည်ရပါ။ကြက်ပြုတ်ရည်များဖြူဖွေးပြီးနောက်သွားတတ်ပါတယ်။
2.ကြက်ရိုးပြုတ်ရည်အစားကြက်သားတုံးများကိုအသုံးပြု၍လည်းကြက်ရိုးပြုတ်ရည်အဖြစ်သုံးနိုင်ပါတယ်။
3.ကြက်ပြုတ်ရည်တည်ထားစဉ်ကြေးအိုးပြုလုပ်ရန်လိုအပ်သောပါဝင်ပစ္စည်းများကိုပြင်ဆင်ထားပါ။
4.ကြာဇံကိုတနာရီခန့်ရေစိမ်ထားပါ။မုန်ညင်း၊ရွှေပဲ၊မုန်လာဥ၊ငါးဖယ်လုံးတို့ကိုလှီးဖြတ်ထားပါ။ငုံးဥပြုတ်ထားပါ။ကြက်သားကိုနုတ်နုတ်စင်းကာဆားဟင်းခပ်မှုန့်ကော်မှုန့်ထည့်ပြီးသမအောင်မွေကာအလုံးလေးများလုပ်ထားပါ။
5.အားလုံးအဆင်သင့်ဖြစ်ပါကစားခါနည်းမှသာကြေးအိုးချက်ပါမယ်။ကြေးအိုးချက်ရန်အိုးသေးသေးတခုတွင်ကြက်ရိုးပြုတ်ရည်တစ်ပွဲစာထည့်ပါ။ကြက်သားနှင့်ကြာဇံထည့်ပြီးဆူပွက်အောင်တည်ပါ။ဆား၊သကြားနှင့်ဟင်းခပ်မှုန့်ထည့်ပါ။ကြာဇံနူးပါကမုန်ညင်းမုန်လာဥရွှေပဲငါးဖယ်လုံးငုံးဥပြုတ်တို့ကိုထည့်ပါ။ဆန်ပြားခေါက်ဆွဲဖြင့်စားလိုပါကဆန်ပြားကိုပန်းကန်တွင်ထည့်ထားပါ။
6.အရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်တည်ခင်းကာကြက်သွန်ဖြူဆီချက်နှင့်ရုပ်ကောင်းမှုန့်ဖြူးပြီးဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
7.ကြေးအိုးဆီချက်ပြုလုပ်ရန်ကြေးအိုးတည်ပြီးပါကဇကာဖြင့်စစ်ယူပြီးကြက်သွန်ဖြူဆီချက်၊ဟင်းခပ်မှုန့်သကြားနှင့်လိုအပ်ပါကဆားရည်အနည်းငယ်ထည့်ပြီးသမအောင်မွေပေးကာဆော့စ်နှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

ကြေးအိုး
ကြေးအိုးကိုလူုကြီးလူငယ်အရွယ်မရွေးနှစ်သက်ကြမယ်ထင်ပါတယ်။အာဟာရလည်းဖြစ်သလိုပြုလု ပ်ရလွယ်ကူပြီးပေါ့ပေါ့ပါးပါးနဲ့ညစာအဖြစ်လည်းသုံးဆောင်နိုင်ပါတယ်။

6.အရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်တည်ခင်းကာကြက်သွန်ဖြူဆီချက်နှင့်ရုပ်ကောင်းမှုန့်ဖြူးပြီးဆော့စ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။။

Subscribe to:
Posts (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...