开口笑
Open Laugh>>Traditional Chinese Fried Snack
❀ ❀ ❀
ဝါသနာရှင်များမည်သူမဆိုShareကိုနှိပ်ပြီးခွင့်မတောင်းဘဲလွတ်လပ်စွာမျှဝေနိုင်ပါတယ်။မိမိတို့ကိုယ်ပိုင်Pageများတွင်မိမိအကျိုးစီးပွားအတွက်စာများပုံများကိုကူးချပြီးကိုယ်တိုင်ချက်ပြုတ်ထားသည့်ပုံစံပြုလုပ်ခြင်းများကိုခွင့်မပြုပါ။ခွင့်မပြုဘဲအသုံးပြုသူများသည်ခိုးယူရာရောက်ကြောင်းသတိပေးအပ်ပါသည်။
❀ ❀ ❀
တရုတ်ရိုးရာအဆာပြေစာမုန့်တမျိုးဖြစ်ပါတယ်။ခိုင်းခုံရှောက်ဆိုတဲ့နာမည်လေးကတော့တရုတ်လိုပါးစပ်ဖွင့်ပြီးရယ်နေတာကိုဆိုလိုတာမို့မုန့်လေးကလည်းပါးစပ်ဟထားတဲ့ပုံစံလေးတွေပွင့်ထွက်အောင်ကြော်ရတဲ့မုန့်တမျိုးဖြစ်ပါတယ်။နေ့ထူးနေမြတ်များနဲ့ပွဲတော်ရက်တွေမှာပြုလုပ်တည်ခင်းလေ့ရှိပါတယ်။ပြုလုပ်ပြီးလေလုံသောဘူးတွ င်ထည့်ကာတာရှည်သိမ်းဆည်းထားနိုင်တဲ့မုန့်လည်းဖြစ်ပါတယ်။ဒီမုန့်ပြုလုပ်နည်းလေးကိုမျှဝေပေးလာတာကတော့ဆိုဖီယာ့အန်တီများနဲ့ညီမဘဲဖြစ်ပါတယ်ရှင်..စားကောင်းတဲ့ရိုးရာမုန့်လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဂျုံမှုန့် - ၃၂၀ ဂရမ်
ပြောင်းဖူးမှုန့် - နှစ်ဇွန်း စားပွဲဇွန်း
သကြား - ၅၀ ဂရမ်
ကြက်ဥ - တစ်လုံး
ဆီ - ၃၀ ဂရမ်
ရေ - ၅၀ ml
ဆော်ဒါ - ဇွန်းတဝက် လ္ဘက်ဇွန်း
နှမ်းလှော် - တစ်ပန်းကန်
ကြော်ရန်ဆီ
ပြင်ဆင်ပြုလုပ်ပုံ
************
1.ဦးစွာဇလုံတခုတွင်ဂျုံမှုန့်၊ဆီ၊ဆော်ဒါထည့်ပြီး သမအောင်မွေထားပါ။
2.အခြားဇလုံတခုတွင်ကြက်ဥသကြားရေတို့ကိုထည့်ပြီးသကြားပျော်အောင်ဖျော်ပါ။
3.ပြီးလျှင်ဂျုံမှုန့်အရောတွင်ထည့်ကာသမအောင်နယ်ပါ။
4.လက်ကိုဆီစွတ်ပြီးအနေတော်အလုံးလေးများလုံးကာနှမ်းလှော်ဖြင့်လူးကပ်ထားပါ။
5.အားလုံးလုံးပြီးပါကဆီအိုးတည်ကာမီးအနေတော်ဖြင့်မုန့်ကိုချကြော်ပါ။(မီးမပြင်းရ)
6.မုန့်များကွဲထွက်လာပြီးနီရောင်သမ်းလာသည်ထိကြော်ပေးကာဆယ်ယူဆီစစ်ပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
7.အအေးခံပြီးတာရှည်သိမ်းထားနိုင်ရန်လေလုံသောဘူးတွင်ထည့်ကာသိမ်းဆည်းထားနိုင်ပါတယ်။
.........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment