1 May 2017

ငါးသလဲထိုးအိုးကပ်

ငါးသလဲထိုးဟင်းကိုပုံစံအမျိုးမျိုးနဲ့ချက်စားကြတဲ့အထဲကအိမ်ချက်ငါးသလဲထိုးအိုးကပ်ချက်နည်းလေးတင်ပေးလိုက်ပါတယ်။ငယ်ငယ်ကဆိုအမေငါးသလဲထိုးဝယ်လာရင်အရှင်လေးတွေဝယ်လာပြီးနွားနို့ခွက်ထဲထည့်ထားပြီးမှချက်စားလေ့ရှိပါတယ်။ငယ်ငယ်ကခလေးတို့ထုံးစံအတိုင်းနွားနို့ခွက်ထဲပြေးနေတဲ့ငါးသလဲထိုးလေးတွေကိုမောင်နှမတတွေတိုးပြီးကြည့်ခဲ့ကြတာလေးလည်းအမှတ်ရမိပါတယ်ဘယ်ကစပေါ်လာတဲ့နည်းမသိပေမဲ့နို့သောက်ထားတဲ့ငါးသလဲထိုးကိုချက်ရင်ပိုစိမ့်တယ်လို့လည်းလူကြီးတွေပြောကြပါတယ်။အခုတော့မစိမ်ဘဲချက်ထားတဲ့ငါးသလဲထိုးအိုးကပ်အညာချက်လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်း
********
ငါးသလဲထိုး - ၃၀၀ ဂရမ်
ကြက်သွန်နီ - ၂လုံး
ကိုင်းခရမ်းချဉ်သီး - ၅လုံး
ငရုတ်သီးစိမ်း - ၁၀တောင့်
ကြက်သွန်ဖြူ - ၂လုံး
နနွင်း - အနည်းငယ်
ဆား - ဇွန်းတဝက် စားပွဲဇွန်း
ပင်စိမ်းရွက် - တစ်စည်း
ဆီ - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ငါးသလဲထိုးကိုဆားဖြင့်နယ်ပြီးရေသေချာဆေးပြီးရေစစ်ထားပါ။
2.ကြက်သွန်ခရမ်းချဉ်သီးသေးသေးစိတ်ထားပါ။ငရုတ်သီးစိမ်းနှင့်ကြက်သွန်ဖြူများများကိုရောထောင်းထားပါ။
3.အားလုံးအသင့်ဖြစ်ပါကဒယ်အိုးထဲတွင်ကြက်သွန်နီခရမ်းချဉ်သီးကြက်သွန်ဖြူငရုတ်သီးစိမ်းနနွင်းဆီတို့ကိုထည့်ပြီးလုံးချက်ပါ။
4.ခရမ်းချဉ်သီးနွမ်းပါကရေအနည်းငယ်ထည့်ပေးပြီးတည်ထားပါ။
5.ဟင်းအနှစ်ကြေပါကငါးသလဲထိုးထည့်ပါ။ဆားနှင့်ရေအနည်းငယ်ထည့်ကာသမအောင်မွေပေးပါ။ပင်စိမ်းရွက်ခပ်ပါ။
6.ရေခမ်းဆီပြန်လာပါကမီးဖိုမှချကာအချဉ်ဟင်းနှင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...