ဆိတ်သားအမဲသားတို့ကိုတာရှည်အထားခံဖို့အတွက်ဆီစိမ်ပြုလုပ်ပြီးသိမ်းထားလေ့ရှိပါတယ်။ဆီစိမ်အသားကိုတော့အတုံးကြီးကြီးပြုလုပ်ထားပြီးဟင်းအဖြစ်ပြန်ချက်စားနိုင်သလိုထမင်းဖြူလေးဆီ စမ်းဆားဖြူးကာအသားဆီစိမ်လေးနဲ့တွဲဖက်စားနိုင်ပါတယ်။အဝေးရောက်နေသူများအတွက်လည်း အလွယ်တကူစားလို့ရအောင်ပြင်ဆင်ထည့်ပေးနိုင်လို့လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ဆိတ်သား/အမဲသား - ၂ကီလို
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဂျင်း - တစ်တက်
ဟင်းခပ်မှုန့် - အနည်းငယ် (optional)
ဆီ - လိုသလောက်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.အကြောမပါသောဆိတ်သားသို့မဟုတ်အမဲသားနုနုကိုအတုံးကြီးကြီးတုံးကာရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
2.ရေစစ်ပါကဆားဟင်းခပ်မှုန့်နှင့်ဂျင်းပါးပါးလှီးထားသည်ကိုထည့်ပြီးသမအောင်နယ်ပြီးတနာရီခန့်နှပ်ထားပါ။
3.ပြီးလျှင်အိုးတခုတွင်ထည့်ပြီးမီးဖိုပေါ်တည်ပါ(ရေမထည့်ပါ)အသားမှထွက်လာသောရေကိုခမ်းအောင်တည်ပေးပြီးဆီထည့်ကာမီးအေးအေးဖြင့်နီရောင်သမ်းလာသည်ထိကြော်ပေးပါ။
4.နီရောင်သမ်းလာပါကမီးပိတ်အအေးခံကာပုလင်းသို့မဟုတ်ဘူးတွင်ဆီမြုတ်အောင်ထည့်ပြီးသိမ်းဆည်းထားနိုင်ပါပြီ။
5.ဆီစိမ်အသားကိုနှစ်ပတ်တကြိမ်ခန့်ထုတ်ပြီးအပူပြန်ပေးကာအအေးခံသိမ်းဆည်းပါ။
❀အဝေးသို့ယူသွားလိုပါကဆီမထည့်ဘဲယူသွားကာဆီကိုသီးသန့်ချက်ပြီးအသားကိုစိမ်ထားပေးနိုင်ပါတယ်။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
1 May 2017
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment