အထူးအဆန်းဟင်းတခွက်မဟုတ်သော်လည်းဘယ်သောအခါမှရိုးမသွားနိုင်သောထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။တာရှည်အထားခံလို့အဝေးတနေရာရောက်နေသူများအတွက်မိသားစုမှပြင်ဆင်ပေးနေကျဟင်းတခွက်ဆိုလည်းမမှားဘူးပေါ့။ဒီငရုတ်သီးဘာလချောင်တခွက်ရှိနေရင်အထူးတလည်ဟင်းတွေပြင်ဆင်ဖို့မလိုဘဲအရွက်ကြော်လေးဟင်းချိုလေးတမျိုးနဲ့လည်းအဆင်ပြေပါတယ်။အမဲသားအစားဆိတ်သားသို့မဟုတ်ကြက်သားဖြင့်အစားထိုးပြုလုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်း
********
အမဲသား - တစ်ကီလို
ကြက်သွန်နီ - ၅၀၀ ဂရမ်
ကြက်သွန်ဖြူ - ၃လုံး
ဂျင်း - လက်နှစ်ဆစ်
ငရုပ်သီးမှုန့်(အကြမ်းမှုန့်) - ၃ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ကြက်သွန်နီကိုအခွံသင်ပြီးရေဆေးသန့်စင်ကာပါးပါးစိတ်ထားပါ။အထူအပါးညီအောင်စိတ်ပါ။
2.ကြက်သွန်ဖြူကိုလည်းပါးပါးစိတ်ထားပါ။
3.အသားကိုအနေတော်အတုံးလှီးပြီးဆားဟင်းခပ်မှုန့်နှင့်ဂျင်းကြက်သွန်ဖြူထည့်ပြီးနူးအိသည်ထိရေခမ်းပြုတ်ထားပါ။
4.အသားနူးပါကအအေးခံထားပြီးငရုတ်ဆုံတွင်အနည်းငယ်ထောင်းပေးပြီးအမျှင်လေးများမွထားပါ။
5..အားလုံးအဆင်သင့်ဖြစ်ပါကဆီအိုးတည်ထားပြီးပါးပါးစိတ်ထားသောကြက်သွန်ကိုထည့်ကြော်ပါ။
(ကြက်သွန်မြုတ်ရုံခန့်ဆီထည့်ထားဖို့လိုပါတယ်။)
6.အဆက်မပျက်မွေပေးပြီးအရောင်အနည်းငယ်ဝါရောင်သမ်းလာပါကဆယ်ယူရန်အသင့်ပြုလုပ်ပြီးမီးပိတ်ထားပြီးဆယ်ယူဆီစစ်ကာဘမ်းထဲတွင်ဖြန့်ထည့်ထားပါ။(အပူရှိန်ဖြင့်အတွင်းဘက်တွင်ကြွမ်းတတ်သည်)
7.ပြီးလျှင်ကြက်သွန်ဖြူကိုလည်းထိုနည်းအတူပင်ကြော်ပြီးဆယ်ယူဆီစစ်ထားပါ။
8.ပြီးလျှင်လက်ကျန်ဆီဖြင့်ထုထောင်းပြီးအမျှင်ပြုလုပ်ထားသောအသားကိုကြွပ်ရွသည်ထိကြော်ပေးပြီးဆီစစ်ထားပါ။
9.အားလုံးကြော်ပြီးပါကအိုးထဲမှဆီကိုဖယ်ထုတ်ပြီးအနည်းငယ်မျှချန်ကာငရုတ်သီးမှုန့်သို့မဟုတ်အစိုရေစိမ်ထောင်းထားသည်ကိုထည့်ကြော်ပါ။
10.ပြီးလျှင်မီးပိတ်ပြီးအသင့်ကြော်ထားသောကြက်သွန်နီကြက်သွန်ဖြူတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။လိုအပ်ပါကဆားအနည်းငယ်ထပ်ထည့်ပေးကာအပေါ့အငံမြည်းပြီးအမဲသားဘာလချောင်ကြော်သုံးဆောင်ရန်အသင့်ဖြစ်ပါပြီ။အအေးခံကာလေလုံသောဘူးပုလင်းတို့ဖြင့်ထည့်ကာကြာရှည်သိမ်းပြီးသုံးဆောင်နိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...

-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...
-
Paratha ပလာတာခေါ်ထပ်တရာကိုနေရာတိုင်းမှာအလွယ်တကူဝယ်ယူနိုင်ပြီးများသောအားဖြင့်မနက်ခင်းစာအဖြစ်သုံးဆောင်ကြပါတယ်။အလွယ်တကူဝယ်စားဖို့လွယ်ကူေ...
-
ဆနွင်းမကင်းဆိုရင်မြန်မာအစားစာတခုဖြစ်လို့လူတိုင်းသိပြီးသားပါလုပ်နည်းလည်းတူကြပါတယ်။အချိုးကတော့တယောက်နဲ့တယောက်နည်းနည်းဆီကွဲကြတယ်။ခုလုပ်ထားတဲ့...
No comments:
Post a Comment