2 February 2017

ကြက်ကင်

Roast Chicken
ကြက်ကင်ကိုပုံစံအမျိုးမျိုးအရသာအမျိုးမျိုးကင်ကြတဲ့အထဲကကြက်ဆီထမင်းနဲ့တွဲရောင်းလေ့ရှိတဲ့ကြက်ကင်ပုံစံလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း
********
ကြက် - ၁.၅ ကီလို
ဂျင်းထောင်းအရည် - တဇွန်း စားပွဲဇွန်း
ပဲငံပြာရည် - တစ်ဇွန်း
ပျားရည် - ၂ဇွန်း
ဆား - ဇွန်းတဝက်
ငရုတ်ကောင်းဖြူ - တစ်ဇွန်း လ္ဘက်ဇွန်း
တရုတ်ငါးမျိုးမဆလာ - တဇွန်း လ္ဘက်ဇွန်း
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကြက်တစ်ကောင်ကိုရေဆေးသန့်စင်ရေစစ်ထားပြီးသောကြက်ကိုမီးဖိုချောင်သုံးတစ်ရှူးစက္ကူဖြင့်ရေခြောက်အောင်သုတ်ပေးပါ။
(၂)ကျန်ပါဝင်ပစ္စည်းများအားလုံးကိုပန်းကန်တခုတွင်ထည့်ပြီးသမအောင်မွေထားပါ။
(၃)ရေခြောက်အောင်သုတ်ထားသောကြက်ကိုရောစပ်ထားသောဆော့စ်ဖြင့်အတွင်းအပြင်တကိုယ်လုံးအနှံ့လူးပေးပါ။
(၄)ဆော့စ်ဖြင့်လူးပြီးသောကြက်ကိုပလပ်စတစ်ဖြင့်ဖုံးအုပ်ကာရေခဲသေတ္တာတွင်တညသို့မဟုတ်၃နာရီခန့်နှပ်ထားပါ။
(၅)ovenကို၂၀၀ဒီဂရီဖြင့်အပူပေးထားပါ။အသင့်ဖြစ်ပါကနှပ်ထားပြီးသောကြက်ကိုဘမ်းတခုတွင်ထည့်ပြီးမိနစ်၂၀ခန့်ကင်ပေးပါ။
(၆)မိနစ်၂၀ပြည့်ပါကovenအပူရှိန်ကို၁၇၀ဒီဂရီထိလျော့ချပြီးမိနစ်၃၀မှ၄၀ထိကင်ပေးပါ။
(၇)ကင်နေစဉ်တွင်မကြာခဏလက်ကျန်ဆော့ဖြင့်လူးပေးနိုင်သည်။
(၈)ကြက်သားကျက်မကျက်ကိုကြက်၏ပေါင်အရင်းပိုင်းကိုအချွန်တခုဖြင့်ထိုးကြည့်ပါ။ထွက်လာသောအရည်ကြည်နေလျှင်ကြက်သားကျက်ပါပြီ။
(၉)အပြင်ဘက်အရေခွံမှာလည်းအရောင်ရပြီးကြွပ်သည့်အနေအထားဖြစ်လျှင်ထုတ်ယူအအေးခံပြီးလိုသလိုလှီးဖြတ်ပြီးနှစ်သက်ရာထမင်း၊ဆော့စ်ဖြင့်တွဲဖက်တည်ခင်း သုံးဆောင်နိုင်ပါပြီ။
❀ကြက်အကောင်ကြီးလွန်းပါကြက်ကိုကျောဘက်မှခွဲပေးပြီးဖြန့်ပြီးကင်ပေးနိုင်ပါသည်
.........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...