2 February 2017

အသားတုကုန်းဘောင်

ထမင်းမြိန်စေမဲ့သတ်သတ်လွတ်အသားတုကုန်းဘောင်ကြီးကြော်လေးဖြစ်ပါတယ်။ချက်ရလွယ်ကူမြန်ဆန်တဲ့ဟင်းတခွက်လည်းဖြစ်ပါတယ်။ဆိုဖီယာတော့ဆီပြန်ဟင်းတွေကိုအချိန်ပေးပြီးတမနက်ခင်းလုံးချက်ရတဲ့ဟင်းတွေထက်စာရင်ခုလိုခုကြော်ခုစားအကြော်ဟင်းပွဲလေးတွေပိုကြိုက်ပါတယ်။ ပါဝင်ပစ္စည်းများကြိုတင်လှီးဖြတ်ထားပြီးစားခါနီးမှသာလျှင်ကြော်ပြီးပူပူနွေးနွေးသုံးဆောင်နိုင်ပါတယ်။ချက်စားကြည့်ရေ အာင်နော်။
ပါဝင်ပစ္စည်း
******
အသားတု(fresh) - ၃၀၀ဂရမ်
ကြက်သွန်နီ - အနေတော် ၂လုံး
ဆား -ဇွန်းတဝက်
ဟင်းခပ်မှုန့် - တစ်ဇွန်း
ခရမ်းချဉ်သီး -တစ်လုံး
ရွှေပဲ/ငရုပ်ပွ - ၅တောင့်/တစ်လုံး
ငရုပ်သီးခြောက် - ၅ တောင့်
ရှောက်ကော တရုပ်မဆလာ - အနည်းငယ်
Sweet Soya Sauce - တစ်ဇွန်း
(အနောက်ရည်)
ဆီ - လိုသလောက်
ပြင်ဆင်ချက်ပြုတ်နည်း
************
၁•ဦးစွာအသားတုကိုအနေတော်အတုံးလှီးထားပါ။
၂•ကြက်သွန်နီအတုံးကြီးလှီးထားပါ။ခရမ်းချဉ်သီးအတုံးကြီးစိတ်ထားပါ။ငရုပ်သီးခြောက်ချွေထားပါ။ရွှေပဲကိုတဝက်စိ တ်ထားပါ။ငရုပ်ပွအနေတော်စိတ်ထားပါ။
၃•အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။(ဆီအနည်းငယ်ပိုထည့်ပေးမှဟင်းပွဲလှပါတယ်။)
၎•ဆီပူလျှင်ငရုပ်ခြောက်ကိုကျွမ်းအောင်ကြော်ပြီးဖယ်ထုတ်ထားပါ။
၅•ကြက်သွန်ထည့်ပြီးကြော်ပါ။ မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။အသားတု၊ရွှေပဲ၊ငရုပ်ပွ၊ခရမ်းချဉ်သီး တို့ကိုထည့်ကြော်ပါ။ဆားဟင်းခပ်မှုန့်ထည့်ပါ။
၆•သီးရွက်ပြုတ်ရည်သို့မဟုတ်ရေအနည်းငယ်ထည့်ပေးပါ။အနောက်ရည်ထည့်ပြီးမွေပေးပါ။နောက်ဆုံးတွင်ရှောက်ကောမှုန့်ထည့်ပြီးငရုပ်သီးခြောက်ကြော်ထည့်ကာသမအောင်မွေပေးပြီးပန်းကန်တွင်တည်းခင်းသုံးဆောင်နိုင်ပါပြီ။
(မီးပြင်းဖြင့်ကြော်ပါကြက်သွန်တအားခြောက်ပြီးနွမ်းလျှင်စားမကောင်းပါ။)
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...