13 January 2017

ငါးခူစင်းကောပီဇာ

Catfish Curry Square Pizza
မြန်မာတစ်ယောက်အနေနဲ့နေ့စဉ်ရက်ဆက်ပီဇာစားနိုင်ဖို့ဆိုတာအလွန်နှစ်သက်သူဖြစ်မှသာစားနိုင်မယ်ထင်ပါတယ်။
ဆိုဖီယာလက်ရှိလုပ်နေတဲ့အလုပ်ခွင်ရောက်လာခဲ့တဲ့လွန်ခဲ့တဲ့၉နှစ်ကစလို့ပီဇာကိုနေ့စဉ်နဲ့အမျှထိတွေ့နေရသူပါ။နေ့စဉ်စားနိုင်ဖို့မိမိနိုင်ငံမိမိဒေသအစားအစာမဟုတ်တဲ့အတွက်အတော်လေးခက်ခဲတဲ့နေ့တွေကြုံခဲ့ရဖူးပါတယ်။ဒါကြောင့်အနောက်တိုင်းအစားအစာတွေကိုအရှေ့တိုင်းပုံစံနဲ့ရောလို့မိမိစိတ်ကြိုက်အရောfusionပုံစံလေးလုပ်စားဖို့အတွေးပေါ်လာလို့လုပ်စားဖြစ်တဲ့ပီဇာလေးဖြစ်ပါတယ်။ပုံမှန်ပီစာစားရင်တစိတ်ထက်ပိုမစားဖြစ်တဲ့ဆိုဖီယာတော့ဒီပီစာကိုတချပ်လုံးကုန်အောင်စားဖြစ်သွားတာဒါပထမဆုံးအကြိမ်ပါ။ဒါကြောင့်ပီစာဆိုမကြိုက်ပါဘူးဆိုသူတွေသာမကကြိုက်နှစ်သက်သူများပါနှစ်သက်စေမဲ့ငါးခူစင်းကောပီဇာလေးလုပ်စားကြည့်ရအောင်နော်။ငါးခူစင်းကောအစားမိမိနှစ်သက်ရာဟင်းအနှစ်ပုံစံဖြင့်လည်းပြုလုပ်နိုင်ပါတယ်။
ပီဇာဂျုံနယ်ရန်
**********
ဂျုံ - ၁ကီလို
Yeast - ၄ ဂရမ်
သကြား  - ၂၀ ဂရမ်
ဆား  - ၂၀ ဂရမ်
နွားနို့  - ၂၅ ml
သံလွင်ဆီ - ၄၀ml
ရေခဲ - ၈၀ ဂရမ်
ရေ - ၄၂၀ ml
❀❀ဂျုံတစ်ကီလိုလုပ်လျှင်ဆယ်လက်မအရွယ်ပုံပါဆိုဒ်၈ခုရပါတယ်အိမ်စားများအနေဖြင့်မိမိပြုလုပ်မည့်အပေါ်ချိန်ဆပြုလုပ်ပါ။
ပီဇာဂျုံပြုလုပ်ပုံ
**********
1.ဂျုံနှင့်yeastကိုအရင်သမအောင်မွေပါ။ 2.ကျန်ပါဝင်ပစ္စည်းအားလုံးကိုရောပြီး ရေခဲဆားသကြားပျော်အောင်မွေပြီးပါကဂျုံနှင့်Yeastအရောထည်းထည့်နှယ်ပါ။
3.ဂျုံသားပြောင်ချောလာသည်ထိနှယ်ပေးပါ။ပြီးလျှင်၂၀၀ဂရမ်ဆိုဒ်အလုံးလေးများလုံးကာဆီသုတ်ဂျုံဖြူးထားသောဘမ်းတွင်နှစ်လက်မလောက်ခြားကာစီထည့်ပြီးပလပ်စတစ်လုံအောင်ပိတ်ကာရေခဲသေတ္တာတွင်နှပ်ထားပါ။4.ပီဇာမလုပ်ခင်တရက်သို့နေ့ဝက်လောက်ကြိုလုပ်ထားတာကလက်နဲ့ဖြန့်ရတာပိုအဆင်ပြေပါတယ် ။တရက်တည်းမကုန်ရင်ဂျုံကိုရေခဲသေတ္တာတွင်၃ရက်လောက်အထားခံပါတယ် ။
❀ရက်ရှည်ထားရန်မဟုတ်ဘဲပြုလုပ်လိုပါကရေခဲအစားရိုးရိုးရေကိုအသုံးပြုနိုင်ပါတယ်။
❀ရေခဲထည့်ခြင်းဖြင့်ဂျုံနယ်စဉ်ထွက်လာသောအပူချိန်ကြောင့်အပွအနေထားကိုထိန်းပေးရန်အတွက်ဖြစ်ပါတယ်။
ငါးခူစင်းကောပီဇာ(တချပ်စာ)
*************
ဂျုံ - တစ်လုံး
ငါးခူစင်းကော- တစ်ပန်းကန်
ငရုတ်ပွ- တစ်ခြမ်း
ခရမ်းချဉ်သီး - တစ်လုံး
သံလွင်သီး - အနည်းငယ်
ချိစ်- တခွက်
ငရုတ်သီး- နှစ်တောင့်
ပီဇာပြုလုပ်ပုံ
*********
1.နှပ်ထားပြီးသားဂျုံကိုဂျုံမှုန့်ဖြူးပြီးဖြန့်ကာဆီသုပ်ထားသောဘမ်းသို့ဇကာပေါ်တင်ပါ။ဒီတခါတော့ အဝိုင်းမလုပ်ဘဲလေးထောင့်ပြုလုပ်ထားပါတယ်။
2.ငါးခူဟင်းနှင့်အနှစ်ကိုဘေးအနားနှစ်စိပ်လောက်ချန်ကာလူးပေးပါ ။
3.ငါးဟင်းအပေါ်မှထည့်လိုသောသီးနှံတင်ပါ။(ငရုတ်ပွ၊ခရမ်းချဉ်သီး၊သံလွင်သီးထည့်ထားပါ တယ်)။အပေါ်မှ cheese ဖြူးပါ။❀ချိစ်ကိုတော့MozzarellaCheeseကိုသုံးပါတယ်
4.ovenတွင်အပေါ်၂၈၀ဒီကရီအောက်၂၀၀ဒီကရီမီးဖြင့်၅မိနစ်၆မိနစ်ခန့်ဖုတ်ပြီးမုန့်အရောင်ရကာမုန့်သားကျက်ပါကလှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
.......
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...