24 July 2016

ခရမ်းသီးပဲပုတ်ထောင်း

ရှမ်းအစားအစာတခုဖြစ်တဲ့ခရမ်းသီးပဲပုတ်ထောင်းလေးဖြစ်ပါတယ်။သတ်သတ်လွတ်ဖြစ်ပြီးထမင်းမြိန်စေမဲ့ဟင်းရံတခွက်ဖြစ်လို့ထောင်းစားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းသီး- ၂လုံး
ကြက်သွန်ဖြူ -၅မြောင်း
ငရုတ်သီး - ၅တောင့်
ရှမ်းပဲပုတ် - ၂ချပ်
ရှမ်းနံနံ- နှစ်ပင်
ဖက်ဖယ်ရွက် - တစ်ခက်
ဆား- အနည်းငယ်
ကြက်သွန်နီ - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဦးစွာခရမ်းသီးကိုရေဆေးသန့်စင်ပြီးထပ်ခြမ်းခြမ်းပြီးမီးကင်ပါ။
(၂)ငရုတ်သီးကြက်သွန်ဖြူ ကိုလည်းေ လှာ်ထားပေးပါ။ကြက်သွန်နီကိုပါးပါးလှီးရေဆေးထားပါ။ရှမ်းပဲပုတ်ကိုမီးကင်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကမီးကင်ထားသောခရမ်းသီးကိုခက်ရင်းဖြင့်ခြစ်ယူထား ပါ။
(၄)ငရုတ်ဆုံတွင်ရှမ်းပဲပုတ်ကိုမှုန့်အောင်ထောင်းပြီးဖယ်ထားပါ။
(၅)ငရုတ်သီးကြက်သွန်ဖြူထည့်ထောင်းပါ။ညက်ပါကခြစ်ယူထားသောခရမ်းသီး ထည့်ထောင်းပေးပါ။ဆားနှင့်ရှမ်းပဲပုတ်ထ ည့်ပြီးသမအောင်မွေကာအရသာအပေါ့အငံမြည်းပါ။
(၆)ပြီးလျှင်ပန်းကန်တွင်ထည့်ပြီးကြက်သွန်နီရှမ်းနံနံနှင့်ဖက်ဖယ်ရွက်တို့်ကိုပါးပါးလှီးထည့်ကာသမအောင်မွေပြီးထမင်းပူပူဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
..........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...