25 July 2016

ဒုတ်ထိုး>>အသားပေါင်း

Steamed Beef
အမဲသားကလီစာနဲ့ပြုလုပ်ထားတဲ့ဒုတ်ထိုးဖြစ်ပါတယ်။အမဲသားမစားသူများမိမိနှစ်သက်ရာအသားဖြင့် အစားထိုးပြုလုပ်နိုင်ပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
အမဲကလီစာ - တစ်ကီလို
ဂျင်း - တစ်တက်
ကြက်သွန်ဖြူ - ၅မြောင်း
နာနတ်ပွင့် - ၃ပွင့်
သစ်ဂျပိုးခေါက် - တစ်ချောင်း
ကရဝေးရွက် - ၂ရွက်
ပဲငံပြာရည်အပျစ်- ၃ဇွန်း စားပွဲဇွန်း
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
သကြားညို - ၂ဇွန်း စားပွဲဇွန်း
ပန်းသီးရှာလကာရည်- ၃ဇွန်း
ဆီ - ၂ဇွန်း
ကြက်ဥပြုတ် - ၃လုံး
*တွဲဖက်စားရန်
ငရုတ်ချဉ်
ကြာဇံကြော်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ကလီစာများအားလုံးကိုရေဆေးသန့်စင်ပြီးရေနွေးပွက်ပွက်ဆူတွင်ထည့်ပြီးရေနွေးဖျောကာဆယ်ယူရေစစ်ထားပါ။
(၂)ရေနွေးဖျောပြီးသားကလီစာများကိုဇလုံတခုတွင်ထည့်ပြီးဆီ၊ဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူ ၊ပဲငံပြာရည်နှင့်သကြားရှာလကာရည်တို့ကိုထည့်ပြီးသမအောင်မွေပေးကာမိနစ်၃၀ခန့်နှပ်ထားပါ။
(၃)အမျိုးအစားမတူသောကလီစာများထဲမှကြာရှည်ပြုတ်ရမည့်အူကြမ်းတို့ကိုဦးစွာရွေးထုတ်ပြီးသစ်ဂျပိုးနာနတ်ပွင့်နှင့်ကရဝေးရွက်ထည့်ပြီးပြုတ်ထားပါ။
(၄)အတော်အတင့်နူးသည့်အနေအထားရပါကချန်ထားသောကလီစာများကိုထည့်ပြုတ်ပေးပါ။
(၅)အားလုံးနူးပါကကြက်ဥပြုတ်ထားသည်ကိုထည့်ပြီးအရသာဝင်ရုံထည့်ပြုတ်ပါ။
(၆)အားလုံးနူးပြီးအရသာအနေတော်ပါကလိုသလိုလှီးဖြတ်ပြီးကြာဇံကြော်နှင့်အချဉ်တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
အချဉ်ပြုလုပ်ပုံ
**********
ငရုတ်ဆီအချဉ် - တစ်ပန်ကန်လုံး
မန်ကျည်းမှည့်အနှစ် - ၅ဇွန်း စားပွဲဇွန်း
သကြား - ၂ဇွန်း
ဆား - ဇွန်းတဝက်
ဂျင်း - တစ်လက်မ
ငရုတ်သီးစိမ်း- ၅တောင့်
ငရုတ်ဆီအပျစ်တစ်ပန်းကန်ထဲတွင်မန်ကျည်းမှည့်၊ဆား၊သကြား၊ဂျင်းထောင်း၊ငရုတ်သီးထောင်းထည့်ပြီးသမအောင်မွေပေးပါ။
............
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...