မုန့်လက်ကောက်ကိုမကြာခဏကြော်ကြည့်ဖူးပါတယ်။ပုံစံအမျိုးမျိုးအဆင်မပြေမှုများတွေ့ရပြီးဆီပေါက်တာတွေလည်းကြုံခဲ့ ရဖူးပါတယ်။မုန့်နှစ်နှပ်ထားချိန်အသုံးပြုသောဆန်မုန့်ကြိတ်ထားသောဆန်အမျိုးအစားဆီအပူချိန်ပေါ်တည်ပြီးကြော်ထွက်လာသော မုန့်ကွာခြားမှုများရှိပါတယ်။ဒီအချိုးလေးတော့အတော်အဆင်ပြေပါတယ်။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
******
ကောက်ညင်းမှုန့် - ၃၀၀ ဂရမ်
ဆန်မှုန့် - ၃ဇွန်း စားပွဲဇွန်း
ရေ ကျက်အေး - ၃၀၀ ml
Baking Powder - ၂ဇွန်း လ္ဘက်ဇွန်း
ဆား - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
************
(၁)ဇလုံတခုတွင်ပါဝင်ပစ္စည်းများအားလုံးထည့်ပြီးနံ့အောင်နယ်ပေးပါ။ရေကိုဖြည်းဖြည်းဆီထည့်နှယ်ပါ။နှယ်ပြီးပါကအနည်းဆုံး၃နာရီခန့်အဖုံးအုပ်ပြီးနှပ်ထားပါ။
(၂)မုန့်သားနှပ်ပါကမုန်လုံးတလုံးကို၂၅ဂရမ်အလုံးလေးများချိန်ထားပါ။(၃)မုန့်လုံးတလုံးဆီကိုပြားပြီးအလယ်အပေါက်လုပ်၍ဆီပူတွင်ချကြော်ပါ။(၄)အရောင်ရပါကဆယ်ယူပြီးထန်းလျက်ရည်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀❀ ဆီပူတွင်ချကြော်ပါကအကြာကြီးမကြော်ရပါ။❀❀ဆီပေါ်ပေါလောပေါ်လာပြီးအရောင်ရလျှင်အမြန်ဆယ်ယူပါ။ပွင့်ထွက်လျှင်ဆီပူစင်တတ်ပါတယ်။
................
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment