24 July 2016

မြေပဲခရမ်းချဉ်သီးချက်

 သတ်သတ်လွတ်ဟင်းလေးဖြစ်ပြီးစိမ့်စိမ့်လေးနဲ့အရသာရှိကာထမင်းမြိန်စေမဲ့ဟင်းတခွက်ဖြစ်ပါတယ်။ရှမ်းဟင်းရွက်စုံဟင်းချိုလေးနဲ့လိုက်ဖက်လှပါတယ်။ချက်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
********
ခရမ်းချဉ်သီး - ၄၀၀ ဂရမ်
ကြက်သွန်နီ - ၁လုံး
မြေပဲ - ၁၀၀ ဂရမ်
ဂျင်းကြက်သွန်ဖြူ -တဇွန်း လ္ဘက်ဇွန်း
အရောင်တင် - တစ်ဇွန်း
နနွင်း - အနည်းငယ်
ဆား - တစ်ဇွန်း
ဟင်းခပ်မှုန့် - တစ်ဇွန်း
နံနံပင် - အနည်းငယ်
ငရုပ်သီးစိမ်း - ၃ တောင့်
ဆီ - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
************
(၁)ဦးစွာခရမ်းချဉ်သီးကိုရေဆေးသန့်စင်ပြီးသေးသေးစိတ်ထားပါ။
(၂)ကြက်သွန်နီပါးပါးလှီးထားပါ။ငရုပ်သီးထပ်ခြမ်ြး ခမ်းထားပါ။မြေပဲဆန်ကိုလှော်ပြီးလုံးခြမ်းကွဲထော င်းထားပါ။
(၃)အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ဆီပူလျှင်ကြက်သွန်ထည့်ပြီးဆီ သပ်ပါ။ဂျင်းကြက်သွန်ဖြူထည့်ပါ။ကြက်သွန်အရော င်အနည်းငယ်ဝင်းလာပါကနနွင်းအရောင်တင်ထည့်ပါ။
(၄)ပြီးလျှင်ခရမ်းချဉ်သီးသေးသေးစိတ်ထည့်ပြီး ဆားနှင့်ဟင်းခပ်မှုန့်ထည့်ကာခရမ်းချဉ်သီးကြေပြီး အနှစ်ကျလာသည်ထိချက်ပေးပါ။
(၅)အနှစ်ကျပါကထောင်းထားသောမြေပဲကိုထည့်ပါ။ရေနွေးအနည်းငယ်ထည့်ပေးပြီးအပျစ်အကျဲလို သလိုပြုပြင်ကာအရသာအပေါ့အငံမြည်းပါ။(၆)အရသာအနေတော်ပါကငရုပ်သီးနံနံပင်ထည့် ပါ။သမအောင်မွေပြီးနှစ်သက်ရာအသီးအရွက်တို့စ ရာအရွက်စုံဟင်းချိုသို့မဟုတ်မုန်ညင်းဟင်းချိုတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
...........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...