ရှမ်းပြောင်းစေးစေးနဲ့လုပ်ထားတဲ့ပြောင်းဖူးဖက်ထုပ်ပေါင်းလေးကိုများသောအားဖြင့်တော့ရှမ်းပြည်မှာမနက်စောစောပူပူနွေးနွေးအငွေ့တထောင်းထောင်းနဲ့ရောင်းတတ်ကြပါတယ်။ရှမ်းတရုတ်အစာပြေအစားအစာ တမျိုးဖြစ်ပါတယ်။စေးပိုင်နေတဲ့ရှမ်းပြောင်းကိုပြောင်းဖူးဖက်နဲ့ပြန်ထုပ်ပေါင်းထားတာမို့ အနံ့ရတာနဲ့တင်စားချင်လာတဲ့စိတ်ဖြစ်မိမှာ အမှန်ပါ။လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်း
*********
ရှမ်းပြောင်းဖူး - ၅ဖူး
ဆန်မှုန့် - ၃ဇွန်း
သကြား - ၁၀၀ ဂရမ်
ပြောင်းဖူးဖက်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရှမ်းပြောင်းကိုအခွံသင်ရေဆေးပြီးအစေ့ချွေထားပါ။
(၂)ပြောင်းဖူးခွံကိုအကြီးရွေးပြီးရေဆေးသန့်စင်ထားပါ။
(၃)အစေ့ချွေပြီးသားပြောင်းဖူးကိုကြိတ်ပြီးဆန်မှုန့်နှင့်သကြားထည့်ပြီးသမအောင်မွေထားပါ။
(၄)ရေဆေးသန့်စင်ထားသောပြောင်းဖူးဖက်ကြီးကြီးတွင်ကြိတ်ထားသောပြောင်းဖူးအရောကိုထည့်ပြီးခေါက်၍လုံအောင်ပိတ်ပြီးပေါင်းမည့်ဘမ်းတွင်စီထည့်ပါ။
(၅)အားလုံးထုပ်ပြီးပါကပေါင်းခံအိုးကိုရေထည့်ပြီးတည်ပါ။
(၆)ဆူပွက်ပါကပြောင်းဖူးဖက်ထုပ်ဘမ်းကိုမိနစ်၃၀ခန့်ပေါင်းပြီးပြောင်းဖူးကျက်မကျက်ကြည့်ကာပူပူနွေးနွေးမွေးကြိုင်တဲ့ပြောင်ဖူးဖက်ထုပ်ကိုတည်ခင်းသုံးဆောင်နိုင်ပါပြီ။
❀❀ပြောင်းဖူးကြိတ်လျှင်လက်လှည့်ကြိတ်သို့မဟုတ်ရေထည့်ရန်မလိုသောကြိတ်စက်ဖြင့်ကြိတ်ပါ။
❀❀ရေထည့်ကြိတ်ပါကဖက်ဖြင့်ထုပ်ရန်ခက်ပြီးပျော့သွားတတ်ပါတယ်။
............
Sofia
http://sofiafoodparadise.blogspot.com
အချက်အပြုတ်ဝါသနာရှင်များအတွက်မိမိတတ်ကျွမ်းသမျှလေးများဝေမျှပေးရာ Blog လေးဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
ကြက်သားလုံးဟင်း (စူကြည်း)
စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရ...
-
Chilli Pickle အချို့ဟင်းချက်ရာမှာမရှိမဖြစ်လိုအပ်တဲ့ငရုတ်ချဉ်လေးဘြဲ ဖစ်ပါတယ်။သုံးတတ်သူများအဖို့အလွယ်တကူဝယ်လို့မရ နိုင်တဲ့နေရာမှာကိုယ့်ဘ...
-
Snow Ear Fungus Sweet Soup ကျောက်ပွင့်အချိုပွဲလေးဟာဖြင့်ဆေးဖက်လည်းဝင်ပြီးအရွယ်တင်နုပျိုစေတယ်လို့ဆိုပါတယ်။Chinese Family အများစုဟာတပတ်ကို...
-
ပဲငပိကိုပုံစံအမျိုးမျိုးနဲ့နေရာဒေသအသီးသီးမှာဝယ်ယူရရှိနိုင်ပါတယ်။ကိုးရီးယား၊ဂျပန်၊တရုတ်နိုင်ငံ များမှပြုလုပ်ထားသည်များရှိပါတယ်။အရသာကွဲပြားမ...

No comments:
Post a Comment