25 May 2016

ငါးတဖွဲခြောက်ချက်


ရှမ်းပြည်တောင်ပိုင်းအလည်သွားရင်းစားခဲ့ဖူးတဲ့ငါးတဖွဲခြောက်ချက်လေးဖြစ်ပါတယ်။ငါးတဖွဲခြောက်ကိုစားကောင်းလို့အပြန်ခရီးမှာမရမကရှာဝယ်ခဲ့ရတယ်။အမြဲမရှိဘဲနောင်မွန်ဈေးနေ့တွင်သာရတတ်တယ်လို့ဆိုပါတယ်။
ချက်နည်းလေးတွေသင်ပြချက်ကျွေးခဲ့တဲ့မမကြီးနဲ့ညီမများကိုလည်းဒီပို့စ်လေးနဲ့အတူကျေးဇူးတင်ကြောင်းပြောပါရစေရှင်။
ပါဝင်ပစ္စည်း
*********
ငါးတဖွဲခြောက် - ၁၀၀ ဂရမ်
ခရမ်းချဉ်သ်ီး - ၅လုံး
ကြက်သွန်နီ - ၂လုံး
ကြက်သွန်ဖြူ - ဆယ်မြောင်း
ငရုပ်သီးစိမ်း - ၅တောင့်
ငရုပ်ပွ - တစ်လုံး
နနွင်း - အနည်းငယ်
အရောင်တင် - အနည်းငယ်
ဆား - တစ်ဇွန်း စားပွဲဇွန်း
ဆီ - လိုသလောက်
နံနံပင် - အနည်းငယ်
ပြင်ဆင်ချက်ပြုတ်ပုံ
**************
(၁)ဦးစွာငါးတဖွဲခြောက်ကိုရေဆေးသန့်စင်ပြီးရေစစ်ထားပါ။
(၂)ခရမ်းချဉ်သီးသေးသေးစိတ်ပြီးကြက်သွန်ပါးပါးလှီးထားပါ။
(၃)ကြက်သွန်ဖြူနှင့်ငရုပ်သီးစိမ်းကိုရောထောင်းထားပါ။ငရုပ်ပွအကွင်းလှီးထားပါ။
(၄)အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီ ထည့်ပြီးရေစစ်ထားသောငါးတဖွဲခြောက်ကို
အနည်းငယ်ကြွပ်ရုံကြော်ထားပြီးဆယ်ယူဆီ စစ်ထားပါ။
(၅)ငါးကြော်ပြီးသားဆီကိုအနည်းငယ်ချန်ကာကျန်ဆီများကိုဖယ်ထုတ်ပြီးကြက်သွန်နီဆီသပ်ပါ။
(၆)နနွင်းအရောင်တင်ထည့်ပြီးခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ဆားထည့်ပြီးခရမ်းချဉ်သီးကြေညက်အောင်မွေပေးပါ။
(၇)ခရမ်းချဉ်သီးကြေညက်ပါကကြက်သွန်ဖြူငရုပ်သီးစိမ်းထောင်းထားသည်ကိုထည့်ပါ။ကြော်ထားသောငါးတဖွဲခြောက်ကိုထည့်ပါ။ရေအနည်းငယ်ထည့်ပေးပြီးသမအောင်မွေပေးပါ။ငရုပ်ပွထည့်ပါ။
(၈)အရသာအပေါ့အငံမြည်းပြီးလိုအပ်ပါကဖြည့်စွက်ကာနံနံပင်အုပ်ကာသမအောင်မွေေ ပးပြီးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပဲကြားညောင်ချဉ်ဖူးဟင်းလေးနဲ့တွဲဖက်ညီတဲ့ဟင်းတခွက်ဖြစ်ပါတယ်။
........
Sofia
http://sofiafoodparadise.blogspot.com

No comments:

Post a Comment

ကြက်သားလုံးဟင်း (စူကြည်း)

စူကြည်းလို့ခေါ်တဲ့ပန်းသေးရိုးရာဟင်းလေးကရိုးရိုးလေးနဲ့စားရတာအရသာအရမ်းရှိပါတယ်။မင်္ဂလာဧည့်ခံပွဲ ၊ ဧည့်ဖိတ်၊ မိတ်ဆုံစားပွဲတွေမှာ တည်ခင်းလေ့ရှ...